“U.S. Open တင်းနစ်ပြိုင်ပွဲ ဒုတိယအဆင့်တွင် ဆာဘာလင်ကာ နှင့် ပီဂူလာ တို့ နိုင်ပွဲကိုယ်စီဖြင့် တတိယအဆင့်သို့တက်ရောက်”

04 Sep

အမေရိကန်နိုင်ငံတွင် ကျင်းပနေသည့် U.S. Open အမျိုးသမီးတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲ ဒုတိယ အဆင့်ပွဲစဉ် များကို ကျင်းပခဲ့ရာ ကမ္ဘာ့အဆင့်(၁) ဘယ်လာရုစ်တင်းနစ်မယ် ဆာဘာလင်ကာ နှင့် အမေရိကန်တင်းနစ်မယ် ပီဂူလာ တို့ နိုင်ပွဲကိုယ်စီဖြင့် တတိယအဆင့်သို့ တက်ရောက်ခဲ့ကြောင်း Sportskeeda Tennis သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ဆာဘာလင်ကာ က ဒုတိယအဆင့်ပွဲစဉ်အဖြစ် ရုရှားတင်းနစ် မယ်ပိုလီနာ နှင့် ကစားခဲ့ရာ နှစ်ပွဲပြတ်အနိုင်ရပြီး တတိယအဆင့်သို့ တက်ရောက်ခဲ့ကာ တတိယအဆင့်တွင် ဥဇဘက်ကစ္စတန်တင်းနစ်မယ် ရာခီမိုဗာနှင့် ဆက်လက်ကစားရမှာဖြစ်ပါတယ်။ အမေရိကန်တင်းနစ်မယ် ပီဂူလာ ကလည်း တစ်နိုင်ငံတည်းသူ ဆိုဖီယာကီနင် နှင့် ကစားခဲ့ရာ နှစ်ပွဲပြတ် ရလဒ်ဖြင့် အနိုင်ရပြီး တတိယအဆင့်သို့ တက်ရောက်ခဲ့ကာ တတိယအဆင့်ပွဲစဉ်အဖြစ် ကနေဒါတင်းနစ်မယ် ဖာနန်ဒက်ဇ် နှင့် ကစားရမှာဖြစ်ပါတယ်။ U.S. Open အမျိုးသမီးတစ်ဦးချင်းတင်းနစ်ပြိုင်ပွဲ တတိယအဆင့်ပွဲစဉ်များကို စက်တင်ဘာလ ၄ ရက်(ယနေ့) တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)

04 Sep

ADVERTISE HERE .