“ပဲခူးတွင် ရေဘေးအန္တရာယ် တုံ့ပြန်ကူညီနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်”

04 Sep

ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေး အန္တရာယ်ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ကူညီနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထား ရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာလ ၃ ရက်မှာ ဖော်ပြထားရှိ ပါတယ်။ ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက စက်လှေများ၊ အသက်ကယ်ပစ္စည်းများ၊ သောက်ရေသန့်များနှင့် ကြက်ခြေနီလူနာတင်ယာဉ်များကို ကြိုတင်ပြင်ဆင်ထားရှိကြောင်း ဖော်ပြပါရှိပါတယ်။ တိုင်းဒေသကြီးအတွင်း ရေဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ပဲခူးတိုင်း ဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးတွင် အရေးပေါ်ကွပ်ကဲရေးစင်တာ(EOC)ကို ဖွင့်လှစ်ထားပြီး ၂၄ နာရီ စောင့်ကြည့်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်း မြစ်ရေကြီးမှုသတင်းထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အထက် ၁ ပေ ၅ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ၃ လက်မခန့် ပြန်လည်ကျဆင်းနိုင်ကာ ၎င်းမြို့၏စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်ရပ်တည်နေနိုင်ကြောင်း သိရပါတယ်။(NVS 004)

04 Sep

ADVERTISE HERE .