“ဂျာမနီယဉ်ကျေးမှုဌာနက အနုပညာပြပွဲများတွင် ပါဝင်ရန် Volunteer များဖိတ်ခေါ်”
04 Sep
ဂျာမနီနိုင်ငံ ယဉ်ကျေးမှုဗဟိုဌာနဖြစ်သော Goethe-Institut Myanmar နှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းတင်ဆက်မည့် စာနာခြင်းတံတား အနုပညာပြပွဲအစီအစဉ်များတွင် ပါဝင်ရန် Volunteer များ ခေါ်ယူလျက် ရှိကြောင်း စက်တင်ဘာ ၃ ရက်တွင် အသိပေးထုတ်ပြန်ထားပါတယ်။ အဆိုပါ ပြပွဲအစီအစဉ်များကို စက်တင်ဘာလမှ နိုဝင်ဘာလအထိ ရန်ကုန်၊ မန္တလေးနှင့် ညောင်ရွှေမြို့များ၌ ကျင်းပသွားမည်ဖြစ်ရာ သက်ဆိုင်ရာမြို့အသီးသီးမှ စိတ်ပါဝင်စားသူများအနေဖြင့် စက်တင်ဘာလ ၆ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ ရွေးချယ်ခံရသည့် Volunteer များက Goethe-Institut Myanmar ၏ ယဉ်ကျေးမှုဌာနမှ တာဝန်ရှိသူများ၊ ကျူရေတာများနှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ လက်တွဲ၍ ပြပွဲများစီစဉ်တင်ဆက်ခြင်းကို ပူးပေါင်းဆောင်ရွက် ရမှာဖြစ်ပါတယ်။ အနုပညာနှင့် ယဉ်ကျေးမှုအစီအစဉ်များကို စိတ်ပါဝင်စားပြီး လူအများနှင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လိုသူများ လျှောက်ထားနိုင်ကာ တာဝန်ပြီးမြောက်ပါက Goethe-Institut Myanmar မှ အသိအမှတ်ပြုလက်မှတ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)