“မြန်မာနိုင်ငံအလယ်ပိုင်းတွင် Cyber City တည်ဆောက်နေပြီး လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်”
04 Sep
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင်ကျင်းပသည့် (၁၁)ကြိမ် မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်၏ ရုရှား-အာဆီယံ စီးပွားရေးဆွေးနွေးပွဲတွင် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင် က မြန်မာနိုင်ငံအလယ်ပိုင်းတွင် ပထမဆုံးသော Cyber City တစ်ခု တည်ဆောက်လျက်ရှိပြီး စီစဉ်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားကာ ရုရှားနှင့် အာဆီယံ နိုင်ငံများအား လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရပါတယ်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ဆောင်ရွက်ချက်များ၊ ဒစ်ဂျစ်တယ် အခြေခံ အဆောက်အဦ၊ ဒစ်ဂျစ်တယ်လုံခြုံရေး၊ Smart City ဆိုင်ရာ အခြေခံအဆောက်အဦများ၊ ဒစ်ဂျစ်တယ်အစိုးရ၊ ပြည်သူ့ဗဟိုပြုဝန်ဆောင်မှုများနှင့် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများ၌ ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက် လိုသည့် အခြေအနေများကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ အဆိုပါ ရုရှား-အာဆီယံ စီးပွားရေးဆွေးနွေးပွဲကို ရုရှားကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Mr. Sergey Katyrin က ဦးဆောင်ခဲ့ပြီး ရုရှား၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအစီအစဉ် များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။(NVS 004)