“ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် ဆက်ဆံရေးအဆင့်မြှင့်တင်ရန် တူကီယဲသမ္မတပြောကြား”

04 Sep

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(အက်စ်စီအို)နှင့် တူကီယဲနိုင်ငံတို့ကြား ဆက်ဆံရေးအဆင့်မြှင့်တင်ရန် စဉ်းစားမည်ဖြစ်ကြောင်း တူကီယဲသမ္မတ အာဒိုဂန် က စက်တင်ဘာလ ၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည် ဟု RT သတင်းဌာနက ဖော်ပြထားသည်။ သို့ရာတွင် အက်စ်စီအိုအဖွဲ့၌ ပိုမိုခိုင်မာသောအဖွဲ့ဝင်အဖြစ် တူကီယဲနိုင်ငံပါဝင်လာနိုင်မှုသည် အခြား အဖွဲ့အစည်းများ သို့မဟုတ် အနောက်အုပ်စုနိုင်ငံများနှင့် လက်တွဲဖြုတ်မည့် ရည်ရွယ်ချက်မပါကြောင်း တူကီယဲ သမ္မတက ပြောကြားထားသည်။ ကာဂျစ်စတန်နိုင်ငံ ဘစ်ရှက်ခ်မြို့၌ ကျင်းပခဲ့သော အက်စ်စီအိုထိပ်သီးညီလာခံသို့ တက်ရောက်ခဲ့ပြီးနောက် တူကီယဲသမ္မတ အာဒိုဂန် က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ တူကီယဲနိုင်ငံသည် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) အုပ်စုဝင်နိုင်ငံဖြစ်ပြီး အက်စ်စီအိုအဖွဲ့သည် တရုတ်နှင့်ရုရှားတို့ ဦးဆောင်သော လုံခြုံရေးမဟာမိတ်အဖွဲ့ ဖြစ်သည်။ လက်ရှိတွင် တူကီယဲနိုင်ငံသည် အက်စ်စီအို၌ ပိုမိုခိုင်မာသော အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းမရှိသေးသော်လည်း ဆွေးနွေးဖက်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။ အက်စ်စီအိုအဖွဲ့ကို အနောက်အုပ်စုနိုင်ငံများ၏ ဩဇာလွှမ်းမိုးမှု တန်ပြန်ရေးအတွက် ၂၀၀၁ ခုနှစ် ဇွန်လ ၁၅ ရက်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

04 Sep

ADVERTISE HERE .