“မူဒရစ်နဲ့ အာဒါရာဘိုင်အိုယို တို့ကို တစ်ပြိုင်တည်းခေါ်ယူခဲ့တဲ့ စပါးအသင်း”
03 Sep
စပါးအသင်းဟာ ချဲလ်ဆီးအသင်းက ကွင်းလယ်တိုက်စစ်ကစားသမား မူဒရစ် နဲ့ နောက်ခံလူ အာဒါရာဘိုင်အိုယို တို့ကို တစ်ပြိုင်တည်း ခေါ်ယူခဲ့ပါတယ်။ ယူကရိန်းလက်ရွေးစင် မူဒရစ် ဟာ စပါးအသင်းသို့ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့လာတာဖြစ်ပြီး ပေါင် ၇၅ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့် ပါဝင်ခဲ့ပါတယ်။ အာဒါရာဘိုင်အိုယို ရဲ့ ပြောင်းရွှေ့ကြေးကတော့ ပေါင် ၁၂ သန်းအထိ ရှိနိုင်ပါတယ်။ မူဒရစ် ဟာ ပြီးခဲ့တဲ့လကမှ တားမြစ်ဆေးပြစ်ဒဏ်ကနေ လွတ်မြောက်လာပြီး ပွဲကစားခွင့် ပြန်လည် ရရှိခဲ့တာဖြစ်ပါတယ်။ မူဒရစ် အနေနဲ့ စပါးအသင်းမှာ ရှက်တာဒိုးနက်အသင်းတုန်းက လက်တွဲခဲ့ဖူးတဲ့ နည်းပြဟောင်း ဒီဇယ်ဘီ နဲ့ ပြန်ဆုံစည်းရမှာ ဖြစ်ပါတယ်။ စပါးအသင်းအနေနဲ့ ဒီကစားသမား နှစ်ဦးကို ခေါ်ယူခဲ့ပြီးနောက် အခုနွေရာသီ ကစားသမားသစ်ခေါ်ယူမှု ၁၀ ဦးအထိ ရှိလာခဲ့ပါတယ်။ (NVS 008)
03 Sep