“ဇက်ဇီး အတွက် အဲဗာတန်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တဲ့ မန်ယူအသင်း”

03 Sep

မန်ယူအသင်းဟာ နယ်သာလန်တိုက်စစ်မှူး ဇက်ဇီး အတွက် အဲဗာတန်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ ကြောင်း သိရပါတယ်။ အဲဗာတန်အသင်းက အပြောင်းအရွှေ့ဈေးကွက်ပိတ်ခါနီးမှာ ဇက်ဇီး ကို အငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပြီး နည်းပြ ကာရစ် ရဲ့ ဆုံးဖြတ်ချက်နဲ့ မန်ယူအသင်းက ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ မန်ယူအသင်းက အစောပိုင်းမှာ ဇက်ဇီး ကို အငှားချဖို့ စီစဉ်ခဲ့ပြီး ဂျူဗင်တပ်စ်၊ ဖီအိုရင်တီးနားအသင်းတွေနဲ့ ဆွေးနွေးခဲ့ပေမဲ့ ဈေးကွက်ပိတ်ခါနီးမှာတော့ ကစားသမားသစ် ပြန်လည်အစားထိုးခေါ်ယူဖို့ မဖြစ်နိုင်တော့တာကြောင့် အဲဗာတန်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဲဗာတန်အသင်းက ဇက်ဇီး ကို တစ်ရာသီအငှားနဲ့ ခေါ်ယူခြင်းအတွက် လစာအပြည့်အ၀ ပေးချေမယ့်အပြင် ငှားရမ်းခ ပေါင် ၁၀ သန်းပေးချေမယ်လို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်ပါတယ်။ ဇက်ဇီး ဟာ ၂၀၂၄ နွေရာသီမှာ ဘိုလော့ဂ်နာအသင်းကနေ မန်ယူအသင်းကို ပေါင် ၃၆ ဒသမ ၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၇၅ ပွဲမှာ ၉ ဂိုး သွင်းယူထားပါတယ်။ (NVS 008)

03 Sep

ADVERTISE HERE .