“ရန်ကုန်စီးတီးအသင်းနဲ့ ရှမ်းယူနိုက်တက်ပွဲစဉ်မှ ဖြစ်ရပ်များအတွက် MFF ပြစ်ဒဏ်များချမှတ်”
03 Sep
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီဟာ သြဂုတ်လ ၃၀ ရက်က ယှဥ်ပြိုင်ကစားခဲ့တဲ့ ရန်ကုန်စီးတီးအသင်းနဲ့ ရှမ်းယူနိုက်တက်အသင်းပွဲစဉ်မှ ဖြစ်ရပ်များအတွက် ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရပါတယ်။ ယင်းပွဲမှာ ရှမ်းယူနိုက်တက်အသင်းမှ ကွင်းလယ်ကစားသမား ကျော်မင်းဦး ဟာ ဒိုင်လူကြီးကို ညစ်ညမ်းစွာ ဆဲဆိုခဲ့လို့ အနီးစပ်ဆုံး ၂ ပွဲပယ်နဲ့ ဒဏ်ကြေးငွေ ကျပ် ၃ သိန်း၊ ရန်ကုန်စီးတီးအသင်းမှ ရှေ့တန်းလူ အောင်ကောင်းမာန် ဟာ ပြိုင်ဘက်ဂိုးသမားကို ဆဲဆိုခဲ့လို့ အနီးစပ်ဆုံး ၂ ပွဲပယ်နဲ့ ဒဏ်ကြေးငွေ ကျပ် ၃ သိန်း ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ဦးအောင်ခိုင် နဲ့ အသင်းခေါင်းဆောင် နန္ဒကျော် တို့ဟာ ပွဲအပြီး မီဒီယာအင်တာဗျူးများမှာ ဒိုင်လူကြီးများနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုခဲ့ခြင်းအတွက် ဒဏ်ကြေးငွေ ကျပ် ၇ သိန်းစီ ပေးဆောင်ရန် ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ရန်ကုန်စီးတီးအသင်းကလည်း ၎င်းတို့ရဲ့ ကစားသမား အောင်ကောင်းမာန် ကို ပြင်းထန်စွာ သတိပေးခြင်းနဲ့ ဒဏ်ကြေးငွေ ကျပ်သိန်း ၃၀ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)