“ပါပေဆား အတွက် ငှားရမ်းခ ယူရို ၂ သန်း ပေးရမယ့် ဂျူဗင်တပ်စ်အသင်း”
03 Sep
ဂျူဗင်တပ်စ်အသင်းဟာ စပါးအသင်းရဲ့ ဆီနီဂေါကွင်းလယ်ကစားသမား ပါပေဆား ကို တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့ခြင်းအတွက် ငှားရမ်းခ ယူရို ၂ သန်း ပေးချေရမယ်လို့ သိရပါတယ်။ ပါပေဆား က စပါးအသင်းနဲ့ ၂၀၃၀ အထိ စာချုပ်ချုပ်ဆိုထားပေမယ့် အသင်းပြောင်းရွှေ့ခွင့်ပြုဖို့ တောင်းဆို ခဲ့တာကြောင့် စပါးအသင်းက ဂျူဗင်တပ်စ်အသင်းဆီ အငှားချခဲ့တာ ဖြစ်ပါတယ်။ အငှားစာချုပ် သက်တမ်းပြည့်ရင် ယူရို ၂၈ သန်းနဲ့ အပြီးသတ်ရောင်းချမယ့် သဘောတူညီချက်လည်း ပါဝင်ကြောင်း သိရပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ဒီနွေရာသီမှာ စပါးအသင်းက အီတလီဂိုးသမား ဗစ်ကာရီယို ကိုလည်း အငှားခေါ်ယူထားပြီး ရာသီကုန်မှာ အပြီးသတ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 008)
03 Sep