“၂၀၂၅-၂၆ ရာသီ စီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံးဆုကို အင်တာမီလန်အသင်းကစားသမား ဒီမာကို ရရှိ”

03 Sep

၂၀၂၅-၂၆ ရာသီ စီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံးဆုများကို အီတလီဘောလုံးသမားများအဖွဲ့အစည်း(AIC)က ရွေးချယ်ပေးအပ်ရာ အကောင်းဆုံးကစားသမားဆုကို အင်တာမီလန်အသင်းရဲ့ အီတလီဘယ်တောင်ပံကစားသမား ဒီမာကို က ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီအတွင်း ကိုမိုအသင်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အောင်မြင်မှုရခဲ့ကြတဲ့ ဖာဘရီဂတ်စ်နဲ့ နီကိုပက်ဇ် တို့အနေနဲ့ AIC ရဲ့ အကောင်းဆုံးနည်းပြနဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုတို့ကို ရယူနိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် အေစီမီလန်အသင်းရဲ့ ခရိုအေးရှားဝါရင့်ကွင်းလယ်လူ လူကာမိုဒရစ် ဟာ ၂၀၂၅-၂၆ ပြိုင်ပွဲရဲ့ စီးရီးအေအကောင်းဆုံး အသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ AIC က ရွေးချယ်တဲ့ စီးရီးအေအကောင်းဆုံးအသင်းမှာ အင်တာမီလန်က ၅ ဦး အထိ ရွေးချယ်ခံရပြီး အများဆုံးဖြစ်ခဲ့ပါတယ်။ (NVS 008)

03 Sep

ADVERTISE HERE .