“ပဲခူးမြစ်ရေစိုးရိမ်ရေမှတ်ထက်ကျော်လွန်၍ ဒေသခံပြည်သူများကို အထူးဂရုပြုကြရန် အသိပေးထား”
03 Sep
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့မှာ ပဲခူးမြစ်ရေမြင့်တက်လာကာ လမ်းမကြီးအချို့တွင် ရေကျော်လျက်ရှိသဖြင့် ပြည်သူများအနေဖြင့် သွားလာရာမှာ ရေအခြေအနေကို အထူးဂရုပြုကြရန် လိုအပ်ကြောင်း အသိပေးထားပါတယ်။ ပဲခူးမြစ်ရေက ဆက်လက်မြင့်တက်လျက်ရှိပြီး စက်တင်ဘာလ ၂ ရက်မှာ စိုးရိမ်ရေမှတ်ထက် ၃၂ စင်တီမီတာ ကျော်လွန်နေခြင်းဖြစ်ခဲ့ပါတယ်။ မြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းအနီး၊ မြေနိမ့်ပိုင်းနှင့် ရေဝင်ရောက်နိုင်တဲ့ဒေသများမှာ နေထိုင်သူများ အနေနဲ့ ရေအခြေအနေကို အထူးဂရုပြုစောင့်ကြည့်ကြရန် တာဝန်ရှိသူများက အသိပေးထားပါတယ်။ ဒါ့အပြင် ရေဝင်ရောက်မှုအခြေအနေ ပိုမိုဆိုးရွားလာပါက ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းနိုင်ရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများကို ကြိုတင်ပြုလုပ်ထားရန်လည်း အသိပေးထားပါတယ်။ (NVS 008)
03 Sep