“မလေးရှားနိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်ပေးမည်”

03 Sep

မလေးရှားနိုင်ငံမှာ ရောက်ရှိနေကာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီး လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများမှာ ထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို နိုင်ငံတော်အစိုးရက စက်တင်ဘာနောက်ဆုံးပတ်မှာ ပြန်လည်ခေါ်ဆောင်ပေးသွားမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက စက်တင်ဘာလ ၂ ရက်မှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါနိုင်ငံသားစိစစ်ပြီးသော မြန်မာနိုင်ငံသားများကို ဩဂုတ်လ ၂၇ ရက်နှင့် ၂၈ ရက်မှာ မြန်မာ့တပ်မတော် ရေယာဉ်များနဲ့ သွားရောက်ခေါ်ဆောင်နိုင်ရန် မြန်မာအစိုးရက မလေးရှားအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ သို့သော်မလေးရှားနိုင်ငံဘက်မှ ၎င်းနေ့ရက်များမှာ လာရောက်ခေါ်ဆောင်ရန် အဆင်မပြေ၍ စက်တင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်တို့မှာ ပြန်လည်စီစဉ်ရန်အဆိုပြုခဲ့တာကြောင့် မြန်မာအစိုးရက ၎င်းခရီးစဉ်ကို ပြန်လည်စီစဉ်ဆောင်ရွက်ခဲ့ခြင်းပါတယ်။ ယခုပြန်လည်ခေါ်ဆောင်ပေးမှုက ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံသား ၁,၀၈၆ ဦးကို မြန်မာ့တပ်မတော်ရေယာဉ်များဖြင့် ပထမဆုံးအကြိမ် ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်။ (NVS 008)

03 Sep

ADVERTISE HERE .