“သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်နေတာကြောင့် ဘားအံမြို့မှာ ကယ်ဆယ်ရေးစခန်း ၆ ခုဖွင့်လှစ်ထား”
03 Sep
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ သံလွင်မြစ်ရေက စိုးရိမ်ရေမှတ်ကျော်လွန်ရောက်ရှိနေတာကြောင့် မြေနိမ့်ပိုင်း ရပ်ကွက်အတွင်းမှ ဒေသခံများအတွက် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေက စိုးရိမ်ရေမှတ်ထက် ၁၁၄ စင်တီမီတာအထိ ကျော်လွန်နေပြီး မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက် ရှိပါတယ်။ မြစ်ရေဝင်ရောက်မှု ကြောင့် မြေနိမ့်ပိုင်းနေဒေသခံများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရာ ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၆ ခု သို့ ရေဘေးရှောင် အိမ်ထောင်စု ၆၃၂ စု၊ လူဦးရေ စုစုပေါင်း ၂,၈၈၉ ဦး ပြောင်းရွှေ့နေထိုင်လျက်ရှိပါတယ်။ အဆိုပါစခန်းတွေကတော့ ဘားအံမြို့မိုးလုံလေလုံအားကစားခန်းမ၊ အမှတ် (၃) အ.ထ.က မိုးလုံလေလုံ အားကစားခန်းမ၊ ရွှေယဉ်မျှော်ဘုရား၊ လေသာဘုန်းကြီးကျောင်းတိုက်၊ ပြည်နယ်ကမ္မဋ္ဌာန်းကျောင်းတိုက်နှင့် အစ္စလာမ်ဗလီခန်းမ အပါအဝင် ယာယီကယ်ဆယ်ရေးစခန်း ၆ ခုကို ဖွင့်လှစ်ထားကြောင်း သိရပါတယ်။ (NVS 008)