“ကျိုက်မရောမြို့နယ်မှရေဘေးသင့်သူများကို ထောက်ပံ့ပစ္စည်းနှင့် အလှူငွေများထောက်ပံ့ပေးအပ်”
03 Sep
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး အတ္ထရံမြစ်ရေမြင့်တက်မှုကြောင့် မြို့နယ် အတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်သူများကို ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးထားရကြောင်း သိရပါတယ်။ အဆိုပါယာယီရေဘေးကယ်ဆယ်ရေးစခန်းမှာ နေထိုင်နေကြတဲ့ ရေဘေးသင့်သူများကို မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေးနှင့်တာဝန်ရှိသူများက စက်တင်ဘာလ ၂ ရက်နံနက်ပိုင်းမှာ ကျိုက်မရောမြို့၊ ရန်မျိုးအောင်ရပ်ကွက်ရှိ ရသေ့ကျောင်း၌တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က မွန်ပြည်နယ်လွှတ်တော်(ကိုယ်စား)ထောက်ပံ့ငွေ ၁၃သိန်းကျပ်ကို ယာယီကယ်ဆယ်ရေးစခန်း တာဝန်ရှိသူထံပေးအပ်ပြီး ရေဘေးသင့်သူများအတွက် စားသောက် ဖွယ်ရာပစ္စည်းများ၊ ဆေးဝါးများနှင့် ထောက်ပံ့ငွေတို့ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)