“ရေကြည်မြို့နယ်မှာ အစိုးရရုံးများနှင့် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေ”

03 Sep

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်မှာ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့တာကြောင့် အစိုးရရုံးများ၊ အခြေခံပညာစာသင်ကျောင်းများကို ယာယီပိတ်ထားခဲ့ရာမှ လက်ရှိအချိန်မှာ ရေများပြန်လည်ကျဆင်းလာသဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များနှင့် ဒေသခံများ ပူးပေါင်း၍ အစိုးရရုံးများ၊ အခြေခံပညာစာသင်ကျောင်းများအတွင်း တင်ကျန်နေသော အမှိုက်သရိုက်များ၊ ရွှံ့နွံများကို ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိပါတယ်။ အခုလိုဖယ်ရှားရှင်းလင်းနေမှုကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က စက်တင်ဘာလ ၂ ရက်မှာ ကြည့်ရှု အားပေးပြီး ရေဘေးသင့်သူများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှထောက်ပံ့တဲ့ ဆန် ၂၄ ပြည်ဝင်အိတ်၊ ၁,၄၈၀ အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)

03 Sep

ADVERTISE HERE .