“ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ကီယာ စတာမာ လွှတ်တော်အမတ်ရာထူးမှ နုတ်ထွက်မည်”

03 Sep

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ကီယာစတာမာက လွှတ်တော်အမတ်အဖြစ်မှနုတ်ထွက်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယခုအချိန်သည် တာဝန်ကို ဆက်ခံမည့်သူထံ လွှဲပြောင်းပေးရန် သင့်တော်သည့်အချိန်ဖြစ်ကြောင်း စတာမာ က ၎င်း၏လူမှုမီဒီယာအကောင့်မှတစ်ဆင့် ရေးသားခဲ့သည်။ ၎င်းက ယခုအချိန်သည် အခြားကိစ္စရပ်များ အပေါ် အာရုံစိုက်ရန်အချိန်ဟု ပြောကြားပြီး လျင်မြန်စွာပြောင်းလဲနေသည့် ကမ္ဘာ့အခြေအနေတွင် ကာကွယ်ရေး၊ လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များ အပါအဝင် နိုင်ငံတကာရေးရာ ကိစ္စရပ်များကို အာရုံစိုက် သွားမည်ဟု ပြောကြားခဲ့သည်။ ထို့အပြင်အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် ဆန့်ကျင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု စတာမာ က ကတိပြုခဲ့သည်။ စတာမာ သည် ၂၀၂၀ ပြည့် နှစ်တွင် လေဘာပါတီခေါင်းဆောင် ဖြစ်လာခဲ့ပြီး ၂၀၂၄ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လေဘာပါတီအနိုင်ရရှိ ပြီးနောက် ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ယင်းအောင်ပွဲသည် ၁၄ နှစ်အတွင်း ဗြိတိန်အစိုးရ၏ အာဏာပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့သည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

03 Sep

ADVERTISE HERE .