“တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ တွေ့ဆုံဆွေးနွေး”

03 Sep

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က မိမိနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် တို့၏ မဟာဗျူဟာမြောက်သည့် လမ်းညွှန်မှုများနှင့် နှစ်နိုင်ငံအကြား ကြိုးပမ်းအားထုတ်မှုများကြောင့် တရုတ်-ရုရှား နှစ်နိုင်ငံဆက်ဆံရေးသည် ခိုင်မာ တည်ငြိမ်မှုရှိကာ တောက်ပသည့်အနာဂတ်ရှိနေကြောင်း ပြောကြားသည်။ ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့၌ ကျင်းပ သည့် ၂၀၂၆ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးပြင်ပတွင် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေးစဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ ရုရှားသမ္မတ ပူတင်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးကို အရည်အသွေးမြင့်မားပြီး အဆင့်မြင့်ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဦးတည်စေရန် မဟာဗျူဟာနှင့် ရေရှည်ရှုထောင့်မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး တရုတ်နှင့်ရုရှားနှစ်နိုင်ငံကြား ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် သဘောတူညီမှုရရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။ သမ္မတ ရှီကျင့်ဖျင်က နှစ်နိုင်ငံတာဝန်ရှိသူများအနေဖြင့် သိသာထင်ရှားသည့် ရလဒ်များရရှိထားသည့် သဘော တူညီချက်များကို တက်ကြွစွာအကောင်အထည်ဖော်ဆောင်ရွက်နေပြီး နှစ်နိုင်ငံအကြား အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုများကို ခိုင်မာသည့်အဟုန်ဖြင့် ထိမ်းသိမ်းထားနိုင်ခဲ့ကြောင်းနှင့် လက်ရှိနိုင်ငံတကာ အခင်းအကျင်းသည် ရာစုနှစ်တစ်ခုအတွင်း မကြုံစဖူးသိသာထင်ရှားစွာ ပြောင်းလဲနေကြောင်းနှင့် မရေရာမသေချာမှုများ သိသာထင်ရှားစွာ ရှိနေသည်ကို မြင်တွေ့နေရသော်လည်း ကမ္ဘာတစ်ဝန်းရှိလူများ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ ပူးပေါင်း ဆောင်ရွက်မှုနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိသောရလဒ်များကို ရှာဖွေနေမှုမှာ မပြောင်းလဲဘဲရှိနေကြောင်း ပြောကြားခဲ့ သည်။ ဒေသတွင်းတည်ငြိမ်မှုကို ကာကွယ်စောင့်ရှောက်ရန်နှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် အရေးကြီးသောတာဝန်ကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ သည်။ ရုရှားသမ္မတ ပူတင်က ရုရှားနိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံနှင့် အဆင့်မြင့်ဖလှယ်မှုများကို ထိန်းသိမ်းရန်၊ ကုန်သွယ်ရေး၊ စွမ်းအင်၊ စက်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် သိပ္ပံနှင့်နည်းပညာကဲ့သို့သော နယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်မှုကို အားကောင်းစေရန်၊ ပြည်သူအချင်းချင်း ယဉ်ကျေးမှုဖလှယ်မှုများကို မြှင့်တင်ရန်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးတွင် ရလဒ်အသစ်များရရှိရန်အတွက် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ရန်ဆန္ဒရှိကြောင်း ပြောကြား ခဲ့သည်။ ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် ကုလသမဂ္ဂ၊ BRICS ယန္တရားနှင့် ဂျီ-20 ကဲ့သို့သော ဘက်စုံယန္တရားများ အတွင်း ညှိနှိုင်းဆောင်ရွက်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအောင်ဆောင်ရွက်ရန်၊ APEC စီးပွားရေးခေါင်းဆောင် များအစည်းအဝေးကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှုကို ထောက်ခံရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် ကြွယ်ဝချမ်းသာမှုကို ပူးတွဲထိန်းသိမ်းရန် ဆန္ဒရှိကြောင်း ပူတင် က ဆက်လက်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

03 Sep

ADVERTISE HERE .