“ကိုဒီဂတ်ပို အားခေါ်ယူရန် မန်စီးတီးအသင်းရဲ့ ကမ်းလှမ်းမှုကိုပယ်ချပြီး ဆက်လက်ထိန်းထားရန် ဆုံးဖြတ်ခဲ့တဲ့ လီဗာပူးအသင်း”
02 Sep
ကစားသမားအပြောင်းအရွှေ့ကာလ နောက်ဆုံးရက်တွင် တိုက်စစ်ကစားသမား ကိုဒီဂတ်ပို အားခေါ်ယူရန် မန်စီးတီးအသင်းရဲ့ တရားဝင်ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး အသင်းတွင် ဆက်လက်ထိန်းထားရန် လီဗာပူးအသင်းက ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ မန်စီးတီးအသင်းက အပြောင်းအရွှေ့ကာလ ပိတ်သိမ်းခါနီးအချိန်တွင် ကိုဒီဂတ်ပို အားခေါ်ယူရန် ယူရို ၈၅ သန်းဖြင့် တရားဝင်ကမ်းလှမ်းမှုတစ်ရပ် လုပ်ဆောင်ခဲ့ရာ လီဗာပူးအသင်းက ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ အစောပိုင်းက ကိုဒီဂတ်ပို ကိုယ်တိုင်ကလည်း လက်ရှိအပြောင်းအရွှေ့ကာလမပြီးဆုံးမီ မန်စီးတီးအသင်းထံ ပြောင်းရွှေ့လိုနေပြီး မန်စီးတီးအသင်းကလည်း အသင်းမှ တိုက်စစ်ကစားသမားများဖြစ်သည့် ဆာဗီယို၊ အိုမာမာမွတ် စတဲ့ တိုက်စစ်ကစားသမားများကို စပါးအသင်းထံရောင်းချပြီးနောက် အပြောင်းအရွှေ့ကာလမပြီးဆုံးမီ အသင်း တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းလိုတာကြောင့် ကိုဒီဂတ်ပိုအားခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပါတယ်။ လီဗာပူးအသင်းကလည်း အစောပိုင်းမှာ ကိုဒီဂတ်ပို ကို အပြောင်းအရွှေ့ကာလတွင် သင့်တော်သည့် ပြောင်းရွှေ့ကြေးရရှိပါက ရောင်းချရန်လိုသော်လည်း အပြောင်းအရွှေ့ကာလမပိတ်သိမ်းမီ ၎င်းရဲ့နေရာ၌အစားထိုးရန် ကစားသမားသစ်ခေါ်ယူဖို့ အချိန်မရရှိတော့တဲ့အတွက် မန်စီးတီးအသင်းရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ကိုဒီဂတ်ပို အား အသင်း၌ ဆက်လက်ထိန်းထားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။(NVS 008)