“ရီးရဲလ်မက်ဒရစ်အသင်းက ဆာဂျီယိုမာတီနက်ဇ်ကို ခေါ်ယူ”

02 Sep

ရီးရဲလ်မက်ဒရစ်အသင်းက ရေးဆင်းအသင်း ကွင်းလယ်ကစားသမား ဆာဂျီယိုမာတီနက်ဇ် ကို ခေါ်ယူ ခဲ့ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ် ကွင်းလယ်ကစားသမား ဆာဂျီယိုမာတီနက်ဇ် ဟာ ရီးရဲလ်မက်ဒရစ်အသင်းနှင့်အတူ ၂ဝ၃ဝ ပြည့်နှစ်အထိ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ကွင်းလယ်ကစားသမား ဆာဂျီယိုမာတီနက်ဇ် က ရေးဆင်းအသင်းနှင့် အတူ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၁၃ ပွဲ ကစားခဲ့ရာ ခြေစွမ်းပိုင်းကောင်းမွန်မှုကြောင့် အနာဂတ်တွင် ထွန်းတောက်လာမည့် ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရခြင်းကြောင့် ရီးရဲလ်မက်ဒရစ်အသင်းက ခေါ် ယူခဲ့ခြင်းဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဆာဂျီယိုမာတီနက်ဇ် အပါအဝင် လက်ရှိဈေးကွက်အတွင်း ကစားသမား ရှစ်ဦးအထိ ခေါ်ယူအားဖြည့်ခဲ့ကြောင်း သိရပါတယ်။(NVS 008)

02 Sep

ADVERTISE HERE .