“ယခုနှစ်ဘောလုံးရာသီ ဥရောပကလပ်အဆင့်သတ်မှတ်ချက်တွင် အာဆင်နယ်အသင်း ထိပ်ဆုံးမှဦးဆောင်”
02 Sep
ယခုနှစ်ဘောလုံးရာသီ ဥရောပကလပ် အဆင့်သတ်မှတ်ချက်တွင် အာဆင်နယ်အသင်းက ထိပ်ဆုံးမှ ဦးဆောင်ခဲ့ကြောင်း 365Scores သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ဥရောပအဆင့်သတ်မှတ်ချက်အရ ပြီးခဲ့တဲ့ဘောလုံးရာသီက သက်ဆိုင်ရာလိဂ်ပြိုင်ပွဲအလိုက် စွမ်းဆောင်ရည် များနှင့် ယခုနှစ်ဘောလုံးရာသီအစပိုင်း စွမ်းဆောင်ရည်များကို အခြေခံတွက်ချက်ခဲ့ခြင်းဖြစ်ပြီး အာဆင်နယ်အသင်း က ထိပ်ဆုံးမှဦးဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုနှစ်ဘောလုံးရာသီ ပထမဆုံး ဥရောပကလပ် အဆင့်သတ်မှတ်ချက်၌ လိဂ်နှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံး နေသည့် ပီအက်စ်ဂျီအသင်းက အဆင့်(၂)နေရာတွင် ရပ်တည်နေပြီး သုံးပွဲဆက်နိုင်ပွဲရယူကာ ပုံစံကောင်းများပြသနေ သည့် ရီးရဲလ်မက်ဒရစ်အသင်းက အဆင့်(၄)နေရာတွင်သာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဥရောပကလပ် အဆင့်သတ်မှတ်ချက် ထိပ်ဆုံး ၁၀ သင်းစာရင်း၌ အာဆင်နယ်အသင်းနောက်တွင် ပီအက်စ်ဂျီ အသင်းက အဆင့်(၂)၊ ဘာစီလိုနာအသင်းက အဆင့်(၃)၊ ရီးရဲလ်မက်ဒရစ်အသင်းက အဆင့်(၄)၊ ဘိုင်ယန်မြူးနစ် အသင်းက အဆင့်(၅)၊ မန်စီးတီးအသင်းက အဆင့်(၆)၊ အင်တာမီလန်အသင်းက အဆင့်(၇)၊ ချဲလ်ဆီးအသင်းက အဆင့်(၈)၊ အေတီကိုအသင်းက အဆင့်(၉)၊ မန်ယူအသင်းက အဆင့်(၁၀)နေရာတွင် အသီးသီးရပ်တည်နေခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ကလပ်အသင်းလေးသင်းအထိ အများဆုံးပါဝင်ခဲ့ပါတယ်။(NVS 008)