“ဥရောပထိပ်တန်းလိဂ်ငါးခုတွင် အသက် ၂၀ မပြည့်မီ လိဂ်သွင်းဂိုး ၅၀ ပြည့်မြောက်သည့် ကစားသမားအဖြစ် ဘာစီလိုနာအသင်းမှ လမိုင်းယာမယ် ရပ်တည်”
02 Sep
ဘာစီလိုနာအသင်း လူငယ်တိုက်စစ်ကစားသမား လမိုင်းယာမယ် က ဘာစီလိုနာအသင်းက ဗယ်လ်ကာနို အသင်းကို ငါးဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးနှစ်ဂိုး သွင်းယူခဲ့ပြီးနောက် ဥရောပထိပ်တန်းလိဂ်ငါးခုတွင် အသက် ၂ဝ မပြည့်မီ လိဂ်သွင်းဂိုး ၅၀ ပြည့်မြောက်သည့် ကစားသမားအဖြစ် ရပ်တည်ခဲ့ကြောင်း B/R Football သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အဆိုပါပွဲစဉ်၌ လမိုင်းယာမယ် အနေနဲ့ ပွဲချိန် ၂၁ မိနစ်တွင် အသင်းအတွက် ပထမဂိုးသွင်းယူခဲ့ပြီးနောက် သွင်းဂိုး ၅၀ ပြည့်မြောက်ခဲ့ခြင်းဖြစ်ပြီး ပွဲချိန် မိနစ် ၉၀ တွင် ဒုတိယသွင်းဂိုး ထပ်မံသွင်းယူခဲ့ကာ ဘာစီလိုနာအသင်း နှင့်အတူ စပိန်လာလီဂါပြိုင်ပွဲတွင် လိဂ်သွင်းဂိုး ၅၁ ဂိုးထိရှိလာခဲ့ပါတယ်။ လမိုင်းယာမယ်သည် ဘာစီလိုနာနှင့် ဗယ်လ်ကာနိုအသင်းတို့ကစားခဲ့သည့် ပွဲစဉ်၌ ၎င်း၏ အသက်မှာ ၁၉ နှစ် ၄၉ ရက်သာ ရှိသေးတဲ့အတွက် ဥရောပထိပ်တန်းလိဂ်ငါးခုဖြစ်သည့် စပိန်လာလီဂါ၊ ပရီးမီးယားလိဂ်၊ ဂျာမန်ဘွန်ဒက် လီဂါ၊ အီတလီစီးရီးအေ၊ ပြင်သစ်လီဂူးဝမ်းစသည့် ပြိုင်ပွဲငါးခုတွင် အသက် ၂၀ မပြည့်မီ လိဂ်သွင်းဂိုး ၅၀ ပြည့်မြောက်ခဲ့ သည့် ကစားသမားဖြစ်လာခဲ့ပါတယ်။(NVS 008)