“ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂) အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းထုတ်ပြန်”

02 Sep

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂) ပွဲစဉ်များအပြီးတွင် အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင် ကစားသမားစာရင်းကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂) အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်ကစားသမားစာရင်းတွင် မန်စီးတီးအသင်းမှ ကစားသမားနှစ်ဦးထိပါဝင်ခဲ့ပြီး နော်တင်ဟမ်၊ နယူးကာဆယ်၊ မန်ယူ၊ ဟူးလ်စီးတီးနဲ့ ချဲလ်ဆီး အသင်းမှ ကစားသမားတစ်ဦးစီ ပါဝင်ခဲ့ပါတယ်။ အဆိုပါ ဆန်ခါတင်ကစားသမားစာရင်းတွင် မန်စီးတီးအသင်းမှ ချာကီနှင့် ဟာလန်း၊ မန်ယူအသင်းမှ ဖာနန်ဒက်စ်၊ နော်တင်ဟမ်အသင်းမှ ဂစ်ဝှိုက်၊ နယူးကာဆယ်အသင်းမှ ဂွန်ဇာလက်၊ ချဲလ်ဆီးအသင်းမှ ဂျာအိုပက်ဒရို၊ ဟူးလ်စီးတီးအသင်းနှင့်အတူ အကောင်းဆုံးလက်စွမ်းပြသခဲ့သည့် ဂိုးသမား ဇိုလာကစ် တို့ပါဝင်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁)အတွက် အကောင်းဆုံးကစားသမားဆုကို ချဲလ်ဆီးအသင်းမှ ကိုးလ်ပယ်မာ က ဆွတ်ခူးခဲ့ပြီး ပွဲစဉ်(၂)အတွက် အကောင်းဆုံးကစားသမားဆုကို မန်ယူအသင်း ကွင်းလယ်ကစား သမား ဖာနန်ဒက်စ် က ဆွတ်ခူးနိုင်ရန် ရေပန်းစားနေကြောင်း သိရပါတယ်။(NVS 008)

02 Sep

ADVERTISE HERE .