“ဒုတိယသမ္မတ ဦးညိုစော ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ ယူရီပက်ထရိုဗစ်ချ် ထရုညက်ဖ် နှင့် တွေ့ဆုံဆွေးနွေး”

02 Sep

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့တွင်ကျင်းပမည့် (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် သို့တက်ရောက်ရန် ဗလာဒီဗော့စတော့မြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစော သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ ယူရီပက်ထရိုဗစ်ချ် ထရုညက်ဖ် နှင့် စက်တင်ဘာလ ၁ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲတွင် ဗလာဒီဗော့စတော့မြို့၌ တွေ့ဆုံပြီး မြန်မာ-ရုရှားနှစ်နိုင်ငံဆက်ဆံရေး၊ ပညာရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တည်ဆောက်ရေး၊ စွမ်းအင်၊ စီးပွားရေး၊ ကုန်သွယ် ရေးနှင့် ခရီးသွားကဏ္ဍ တိုးမြှင့်အကောင်အထည်ဖော်ဆောင်ရေးနှင့် ဗလာဒီဗော့စတော့မြို့တွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်နိုင်ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး ကြပါတယ်။ မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတ ဦးညိုစော သည် ရုရှားသမ္မတ၏ အကြံပေးနှင့် ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူး မစ္စတာ အန်တွန် ကိုဗျာကော့ဗ်၊ ရော့စ်ကွန်ဂရက်စ် ငွေကြေးရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး မစ္စတာ အလက်ဇန်းဒါး ရှတီရော့ဗ် တို့နှင့် ဗလာဒီဗော့စတော့မြို့၌ သီးခြားစီလက်ခံတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ တွေ့ဆုံပွဲများသို့ ဒုတိယသမ္မတနှင့်အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်၊ မြန်မာသံအမတ်ကြီး ဦးမျိုးမိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါတယ်။(NVS 008)

02 Sep

ADVERTISE HERE .