“အီရန်ကို စစ်ရေးအရ ထပ်မံတိုက်ခိုက်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပြောကြား”

02 Sep

အီရန်နိုင်ငံကို စစ်ရေးအရတိုက်ခိုက်မှုများ ထပ်မံပြုလုပ်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဩဂုတ်လ ၃၁ ရက်တွင် ပြောကြားခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ ဩဂုတ်လ ၃၀ ရက်တွင် တစ်လတာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နှင့် အီရန်နိုင်ငံတို့ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်တိုက်ခိုက်ခဲ့ကြပြီးနောက် သမ္မတ ဒေါ်နယ်ထရမ့် က ထိုသို့သတိပေးပြောကြား ခဲ့ခြင်းဖြစ်သည်။ လက်ရှိအနေအထားအရ အမေရိကန်နှင့် အီရန်နိုင်ငံတို့ကြား စစ်ရေးပဋိပက္ခမှာ ပိုမိုတင်းမာသော စစ်ရေး ပဋိပက္ခအဖြစ်သို့ ပြန်လည်ရောက်ရှိလာနိုင်သည့် အနေအထားမျိုးမရှိသော်လည်း ထပ်မံတိုက်ခိုက်မှုများကို တုံ့ပြန်ရေးအတွက် ပြင်ဆင်ထားကြောင်း နှစ်ဖက်လုံးက သဘောထားများပြသထားသည်။ ဟော်မုဇ်ရေလက်ကြားတစ်လျှောက် ရေကြောင်းသွားလာမှု ပိတ်ပင်နှောင့်ယှက်နေသူများကို တုံ့ပြန်သည့် အနေဖြင့် အီရန်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ရမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က သည်ဖောက်စ် သတင်းဌာနနှင့်တွေ့ဆုံစဉ် ပြောကြားထားသည်။ ဟော်မုဇ်ရေလက်ကြားဒေသ လာရက်ခ်ကျွန်းပေါ်မှတစ်ဆင့် ဟော်မုဇ်ရေလက်ကြားအတွင်းသို့ ရေမြှုပ် မိုင်းတပ်ဒုံးကျည်များ ပစ်လွှတ်နေသော အီရန်၏ ဒုံးပစ်လောင်ချာများကို ဩဂုတ်လ ၃၀ ရက်တွင် တိုက်ခိုက်ခဲ့သည်ဟု အမေရိကန်တပ်မတော်က သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

02 Sep

ADVERTISE HERE .