“နီပေါနိုင်ငံ၌ ရွှံ့နွံပြိုကျမှုဖြစ်ပွားခဲ့ပြီးနောက် ပြည်ပနိုင်ငံသား ၅၉၀ ပျောက်ဆုံး”
01 Sep
နီပေါနိုင်ငံတွင် ရွှံ့နွံပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံနှင့်ဒေသ ၃၉ ခုရှိ ပြည်ပနိုင်ငံသား ၅၉၀ ပျောက်ဆုံးနေ ကြောင်း နီပေါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၃၁ ရက်တွင် ပြောကြားသည်။ အဆိုပါရွှံ့နွံပြိုကျမှုမှ ရုပ်အလောင်း ၉၀၃ ခု ကို ပြန်လည်ရရှိခဲ့ကြောင်းနှင့် ဒေသခံ ၄,၂၀၀ မှာ ပျောက်ဆုံး နေကြောင်း နီပေါနိုင်ငံခြားရေးဝန်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူ လော့ဗဟာဒူးပေါ်ဒယ်ချက်တရီက ပြောကြားသည်။ နီပေါနိုင်ငံရှိ ပြည်ပသံရုံးများအနေဖြင့် သဘာဝဘေးနှင့်ပတ်သက်သည့် အချက်အလက်များအား မျှဝေပေး နေပြီး သက်ဆိုင်ရာနိုင်ငံများသို့ နိုင်ငံသားများပြန်လည်စေလွှတ်ရေးနှင့် သဘာဝဘေးဒဏ်ခံခဲ့ရသည့် နိုင်ငံသား များအတွက် အဆက်အသွယ်များရရှိရေး ဆောင်ရွက်နေကြောင်း ၎င်းကပြောကြားသည်။ လက်ရှိအချိန်တွင် သဘာဝဘေးကျရောက်သည့် ဒေသများမှ ဒေသခံ ၁၀,၀၀၀ အား ကယ်တင်ခဲ့ပြီး ၎င်းတို့အနက်မှ ၃၂၃ ဦးမှာ ပြည်ပနိုင်ငံသားများဖြစ်ကြောင်း သိရသည်။ လက်ရှိ သဘာဝဘေးကျရောက်နေသည့် ကာလအတွင်း နီပေါအစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာမှ အကူအညီများအား ရရှိခဲ့ကြောင်းနှင့် တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ အမေရိကန်နှင့် အခြားပြည်ပနိုင်ငံတို့မှ ကူညီခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။