“စပါးနောက်ခံလူ ဒန်ဆို ကို ထပ်မံကမ်းလှမ်းဖို့ စီစဉ်နေတဲ့ ဆန်းဒါးလန်းအသင်း”
01 Sep
ဆန်းဒါးလန်းအသင်းဟာ စပါးအသင်းရဲ့ သြစတြီးယားနောက်ခံလူ ဒန်ဆိုကို ထပ်မံကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဆန်းဒါးလန်းအသင်းက ဒန်ဆို ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တစ်ရာသီအငှားချုပ်နဲ့ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပြီး စပါးအသင်းက ငြင်းပယ်ခဲ့တာကြောင့် အပြီးသတ်ခေါ်ယူဖို့ ထပ်မံကမ်းလှမ်းသွားမှာဖြစ်ကြောင်း သိရပါတယ်။ ဒန်ဆို က ၂၀၂၅ ဖေဖော်ဝါရီမှာ လန်းစ်ကနေ စပါးကို အငှားနဲ့လာရောက်ကစားခဲ့ပြီး ရာသီကုန်မှာ ပေါင် ၂၁ သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။ အခုနွေရာသီမှာ စပါးအသင်းက ခံစစ်ပိုင်းကို အားဖြည့်မှုတွေ ပြုလုပ်ထားတာကြောင့် ပွဲကစားခွင့် လျော့ကျလာနိုင်တဲ့အတွက် ဒန်ဆို က အသင်းပြောင်းရွှေ့ခွင့်ပြုဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။ ဒန်ဆို ကို ခေါ်ယူဖို့ ဆန်းဒါးလန်းအသင်းနဲ့အပြိုင် အက်စတွန်ဗီလာနဲ့ ဖူလ်ဟမ်တို့ကလည်း စိတ်ဝင်စားနေကြကြောင်းလည်း သိရပါတယ်။ (NVS 008)
01 Sep