“အာဂျင်တီနားလက်ရွေးစင်အသင်းကနေ အနားယူကြောင်း ကြေညာခဲ့တဲ့ မက်ဆီ”
01 Sep
အာဂျင်တီးနားအသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ တိုက်စစ်မှူး မက်ဆီ က လက်ရွေးစင် ကစားသမားဘဝကနေ အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီ က အာဂျင်တီးနားလက်ရွေးစင်အဖြစ် ၂၀၀၅ ခုနှစ်မှာ စတင်ရွေးချယ်ခံခဲ့ရပြီး လက်ရွေးစင်သက်တမ်း ၂၁ နှစ်အကြာမှာ အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မက်ဆီ က အာဂျင်တီးနားအသင်းအတွက် ၂၀၇ ပွဲကစားကာ ၁၂၅ ဂိုး သွင်းယူပေးခဲ့ပြီး ပွဲအများဆုံးကစားသမားနဲ့ ဂိုးအများဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်နေသူ ဖြစ်ပါတယ်။ မက်ဆီ က လက်ရွေးစင်ကစားသမားဘဝကနေ အနားယူဖို့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးကတည်းက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)
01 Sep