“အယ်လ်ဟီလာအသင်းနဲ့ လမ်းခွဲလိုက်တဲ့ ဘန်ဇီမာ”

01 Sep

ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာဟာ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းနဲ့ လမ်းခွဲခဲ့ကြောင်း သိရပါတယ်။ ဘန်ဇီမာ ရဲ့စာချုပ်ဟာ တစ်နှစ်သက်တမ်းကျန်ရှိနေသေးပေမယ့် နှစ်ဦးသဘောတူ လမ်းခွဲခဲ့တာဖြစ်ကြောင်း အယ်လ်ဟီလာအသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဘန်ဇီမာ ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ အယ်လ်အစ်တီဟတ်အသင်းကနေ အယ်လ်ဟီလာကို ပြောင်းရွှေ့ ခဲ့တာ ဖြစ်ပါတယ်။ ဘန်ဇီမာ အနေနဲ့ အယ်လ်ဟီလာအသင်းကနေ ထွက်ခွာတော့မယ့်သတင်းတွေက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထွက်ပေါ်လာခဲ့ဖြစ်ပြီး အယ်လ်ဟီလာအသင်းက အက်စတွန်ဗီလာတိုက်စစ်မှူး ဝက်ကင်စ် ကို ခေါ်ယူပြီး နောက် ဘန်ဇီမာ နဲ့ လမ်းခွဲခဲ့တာဖြစ်ပါတယ်။ ဘန်ဇီမာ အနေနဲ့ ကစားသမားဘဝကနေ အနားယူဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ (NVS 008)

01 Sep

ADVERTISE HERE .