“အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို အောက်တိုဘာလအတွင်းကျင်းပမည်”

01 Sep

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို လာမယ့် အောက်တိုဘာလ ၁၂ ရက်ကနေ ၂၉ ရက်အထိ ၁၈ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရား ဂေါပကအဖွဲ့ကနေ သိရပါတယ်။ အဆိုပါဘုရားပွဲတော်ကာလအတွင်း ဖောင်တော်ဦးရုပ်ရှင်တော်မြတ်စွာဘုရားများ ဒေသစာရီ ကြွချီအပူဇော်ခံ မှာ ဖြစ်ပါတယ်။ အခုလိုဒေသစာရီကြွချီအပူဇော်ခံရာမှာ အင်းတိန်ကျေးပေါခုံကျောင်း၊ အင်းတိန်စံကျောင်း၊ ဟဲယာ ရွာမ၊ ငါးဖယ်ချောင်း၊ ကြေးစား၊ ပွဲစားကုန်း၊ လင်းကင်း၊ ညောင်ရွှေ၊ နန်းသဲ၊ မိုင်းသောက်၊ သလဲဦး၊ ကေလာ၊ ဇရပ်ကြီး၊ အလိုတော်ပေါက်၊ နန်းပန်ကျောင်း၊ မန်ကျည်းဆိပ်၊ ကျိုင်းခမ်း၊ မိုင်းပျိုး၊ နောင်တော၊ အင်းပေါခုံနှင့် ရေသာအပါအဝင် ဌာန ၂၁ ခုသို့ ကြွချီအပူဇော်ခံမှာ ဖြစ်ပါတယ်။ အဆိုပါအင်းလေးဖောင်တော်ဦးဘုရားပွဲတော်က အင်းလေးဒေသ၏ အထင်ကရရိုးရာယဉ်ကျေးမှုနှင့် ဘာသာရေးပွဲတော်တစ်ခုဖြစ်ပြီး နှစ်စဉ်ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများနဲ့ စည်ကားလေ့ရှိကြောင်း သိရပါတယ်။ (NVS 008)

01 Sep

ADVERTISE HERE .