“မြစ်ကြီးနားမြို့နယ်ရှိ ယာယီတိမ်းရှောင်စခန်း ၂၀ မှ အိမ်ထောင်စုများအတွက် ဆန်အိတ်များထောက်ပံ့”
01 Sep
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ယာယီတိမ်းရှောင်စခန်း ၂၀ မှ အိမ်ထောင်စု ၁,၆၉၄ စုအတွက် တန်ဖိုးငွေကျပ် ၁၁၈ ဒသမ ၅၈ သန်းရှိ ဆန်အိတ် ၁၆၉၄ အိတ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ သိရပါတယ်။ ထောက်ပံ့ပေးအပ်ပွဲကို မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်ရှိ အောင်ဇေရန်အောင်ဘုရားဝင်းအတွင်း ဘုန်းတော်ကြီးကျောင်းဓမ္မာရုံမှာ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာန်အသင်းတော် ဘုရားကျောင်းမြေနေရာများနှင့် အလှူရှင်များ၏ မြေနေရာများတွင် ခိုလှုံနေထိုင်လျက်ရှိတဲ့ ယာယီတိမ်းရှောင်စခန်း ၂၀ မှ အိမ်ထောင်စု ၁,၆၉၄ စုအတွက် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါအိမ်ထောင်စုများအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က ဆန် ၁၂ ပြည်ပါ ၉၅၄ အိတ်နှင့် အောင်ဇေရန်အောင်ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်က ဆန် ၁၂ ပြည်ပါ ၇၄၀ အိတ် ထောက်ပံ့ ခဲ့ရာ စုစုပေါင်း ဆန်အိတ် ၁,၆၉၄ အိတ်ဖြစ်ပြီး တန်ဖိုးငွေကျပ် ၁၁၈ ဒသမ ၅၈ သန်း ရှိကြောင်း သိရပါတယ်။ (NVS 008)