“မြန်မာနိုင်ငံတွင်ပထမဆုံး ငလျင်ဒဏ်လျှော့ချတဲ့နည်းပညာ အသုံးပြု၍ တည်ဆောက်နေ”

01 Sep

မြန်မာနိုင်ငံမှာ ပထမဆုံးငလျင်ဒဏ်လျှော့ချတဲ့ နည်းပညာ(Base Isolation System)အသုံးပြု၍ အဆောက်အဦအောက်ခြေမှာ Base Isolator များ တပ်ဆင်ထည့်သွင်းတည်ဆောက်သွားမည့် အဆောက်အဦ ပန္နက်တင်မင်္ဂလာအခမ်းအနားကို သြဂုတ်လ ၃၁ ရက်မှာနံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာမန္တလေး စီမံကိန်းအတွင်း ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆောက်အအုံနှင့်မြေပြင်ကြားတွင် Base Isolator များကို တပ်ဆင်ထည့်သွင်းတည်ဆောက်သွားမည် ဖြစ်ပြီး ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံပေါ်ကို သက်ရောက်လာနိုင်တဲ့ ငလျင်အင်အားနှင့် လှုပ်ရှားမှုများကို လျှော့ချပေးတဲ့ ခေတ်မီနည်းပညာတစ်ရပ်ဖြစ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်ကြီးလှုပ်ခတ်မှုကြောင့် အဆောက်အဦပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ ပြီးနောက် အဆောက်အဦများပျက်စီးမှုကို လျှော့ချနိုင်ရေးအတွက် ပြည်တွင်းမှပညာရှင်များက တရုတ်နိုင်ငံမှာ ၂၀၀၈ ခုနှစ်က စီချွမ်ငလျင်လှုပ်ခတ်ခဲ့သည့်နေရာများ၊ Safetyinside Company ၏ Base Isolator ထုတ်လုပ်တဲ့ စက်ရုံ နေရာများသို့ သွားရောက်လေ့လာပြီး စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုတည်ဆောက်မည့် (၇၇ ပေx ၈၃ ပေ) မြေဧရိယာမှာ တစ်ထပ်လျှင် (၁၁) ပေ အမြင့်ရှိ Basement အပါ (၅) ထပ် သံကူကွန်ကရစ် အဆောက်အဦတွင် ငလျင်ဒဏ်လျှော့ချသည့်နည်းပညာ (Base Isolation System)ကို အသုံးပြု၍ Base Isolator ဆောက်လုပ်ရေးပစ္စည်းများကို တပ်ဆင်ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

01 Sep

ADVERTISE HERE .