“မကွေးမြို့ ကမ်းနားလမ်းမှာ River View Point Pavilion အပန်းဖြေစခန်း တည်ဆောက်နေ”

01 Sep

မကွေးမြို့တွင် ဧရာဝတီမြစ်ကမ်းအလှကို အခြေခံ၍ အများပြည်သူ စိတ်အပန်းဖြေနိုင်မည့် River View Point Pavilion အပန်းဖြေစခန်းကို ကမ်းနားလမ်း၌ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိကြောင်း သိရပါတယ်။ မကွေးမြို့၏ မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပပြီး ဘေးကင်းလုံခြုံသည့် အများပြည်သူအပန်းဖြေရာ နေရာသစ်တစ်ခု ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်နေခြင်းဖြစ်ပါတယ်။ စီမံကိန်းလုပ်ငန်းခွင်သို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူ များအတွက် စနစ်ကျသည့် စိတ်အပန်းဖြေရာနေရာတစ်ခု ဖြစ်ပေါ်လာစေရေး၊ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးတို့ကို မှာကြားခဲ့ပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် နတ်မောက်လမ်းနှင့် ဗိုလ်ချုပ်လမ်းတစ်လျှောက် လမ်းဘေးပလက် ဖောင်းများ ပြုလုပ်နေမှု၊ သန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် မကွေးမြို့ရှိ အဓိကလမ်းဆုံများတွင် မီးပွိုင့်များ အဆင့်မြှင့်တင်တပ်ဆင်နေမှုတို့ကိုလည်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ (NVS 008)

01 Sep

ADVERTISE HERE .