“ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီးတို့ တရားဝင်ခရီးစဉ် သွားရောက်မည်”

01 Sep

ဗီယက်နမ်နိုင်ငံသမ္မတနှင့်ဇနီးတို့၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ မကြာမီကာလအတွင်း တရားဝင်ခရီးစဉ်(Official Visit)သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ဗီယက်နမ်နိုင်ငံသမ္မတနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပမှာ ဖြစ်ပြီး ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်နှင့် ဗီယက်နမ်နိုင်ငံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့်တွေ့ဆုံမှာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ-ဗီယက်နမ်စီးပွားရေးဖိုရမ်သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားမှာဖြစ်ကာ ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးနှင့်သက်ဆိုင်တဲ့ နေရာများသို့လည်း သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေး၊ ကဏ္ဍစုံနှင့် နှစ်နိုင်ငံ အကျိုးစီးပွား အကြား ဆက်နွှယ်မှုများ ပိုမိုမြှင့်တင်နိုင်ရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံရေးနှင့် ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက် မှုများတိုးမြှင့်နိုင်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးသွားမှာဖြစ်ပါတယ်။ (NVS 008)

01 Sep

ADVERTISE HERE .