“အမေရိကန်စစ်တပ်က အီရန်နိုင်ငံ Larak ကျွန်းရှိ ဒုံးပျံစက်ပစ္စည်းများကို လေကြောင်းမှ တိုက်ခိုက်”

31 Aug

အမေရိကန်စစ်တပ်သည် ဟော်မုဇ်ရေလက်ကြားအနီးရှိ အီရန်နိုင်ငံ Larak ကျွန်းပေါ်ရှိ ဒုံးပျံပစ်လွှတ်သည့် စက်ပစ္စည်းနှစ်ခုကို ဩဂုတ်လ ၃၀ ရက်တွင် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်မီဒီယာအများအပြား၏ သတင်း ဖော်ပြချက်များအရ သိရသည်။ ထိုစဉ်က အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC)တပ်ဖွဲ့ဝင်များသည် အဆိုပါ ဒုံးပျံပစ်လွှတ် စက်များကို အသုံးပြု၍ ဟော်မုဇ်ရေလက်ကြားတွင် မိုင်းထောင်ရန်ပြင်ဆင်နေခြင်းဖြစ်ကြောင်း အမေရိကန်မီဒီယာ များက အမေရိကန် စစ်ဘက်ဆိုင်ရာအရာရှိများ၏ ပြောကြားချက်ကိုကိုးကား၍ ဖော်ပြခဲ့သည်။ ယခုအကြိမ် လှုပ်ရှား ဆောင်ရွက်မှုသည် တစ်လအတွင်း အီရန်ပစ်မှတ်များအပေါ် အမေရိကန်စစ်တပ်၏ ပထမဆုံးစစ်ရေးတိုက်ခိုက်မှု ဖြစ်သည်။ မကြာမီအချိန်မီက Larak ကျွန်းအနီးတွင် ဩဂုတ်လ ၃၀ ရက် ညပိုင်းမှာ ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း အီရန် Fars News Agency က သတင်းဖော်ပြခဲ့သည်။ ထို့နောက် ယင်းတိုက်ခိုက်မှုကြောင့် လက်နက်ကိုင်တပ်ဖွဲ့ဝင် များနှင့် အရပ်သားအများအပြား သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အဆိုပါတိုက်ခိုက်မှုကို တုံ့ပြန်သွားမည်ဖြစ်ကြောင်း အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC)က အီရန်မီဒီယာများမှတစ်ဆင့် ကြေညာချက်ထုတ်ပြန် ခဲ့သည်။ (Repost from Xinhua Myanmar)

31 Aug

ADVERTISE HERE .