“အပြန်အလှန်သွင်းဂိုးတွေနဲ့ အကြိတ်အနယ်ရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၂)”
31 Aug
ပြီးခဲ့တဲ့စနေနှင့်တနင်္ဂနွေမှာ ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်(၂)မှာ အပြန်အလှန်သွင်းဂိုးများနှင့် အကြိတ်အနယ်ရှိခဲ့ပြီး ဘောလုံးပရိသတ်များကို အကောင်းဆုံးဖျော်ဖြေမှုူပေးနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်(၂) ရဲ့ စနေနေ့အစောဆုံးပွဲစဉ်မှာ မန်စီးတီးအသင်းက အိမ်ရှင်ပဲလေ့အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် လီဗာပူးလ်အသင်းက အိမ်ကွင်းမှာ နော်တင်ဟမ်အသင်းကို တစ်ဖက် ၂ ဂိုးစီနဲ့ သရေကျ ခဲ့ပါတယ်။ စနေနေ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ စပါးအသင်းကတော့ အိမ်ကွင်းမှာ နယူးကာဆယ်လ်အသင်းကို ၂ ဂိုး၊ ဂိုးမရှိ ရှုံးနိမ့်ခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာတော့ ချဲလ်ဆီးအသင်းက အိမ်ကွင်းမှာ ဘရိုက်တန်အသင်းကို အကောင်းဆုံးပုံစံနဲ့ ဖိအားပေးကစားထားနိုင်ခဲ့ပေမယ့်ချေပဂိုးများ ပြန်လည်ပေးခဲ့ရတာကြောင့် ဂိုးပြတ်အနိုင်ကနေ ၄ ဂိုး ၃ ဂိုးဆိုတဲ့ ရလဒ်နဲ့ ကျေနပ်ခဲ့ရပါတယ်။ တနင်္ဂနွေနေ့ရဲ့ နောက်ကျပွဲတစ်ပွဲဖြစ်တဲ့ မန်ယူအသင်းနှင့် အစ်ဝက်ချ်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြပြီး အဆိုပါပွဲစဉ်မှာ မန်ယူအသင်းဟာ အစ်ဝက်ချ်အသင်းကို ၅ ဂိုး ၂ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အခုပွဲစဉ်မှာ မန်ယူအသင်းအတွက် ဖာနန်ဒက်စ် က ဟတ်ထရစ်သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် တန်းတက် ဟူးစ်စီးတီးအသင်းကတော့ နိုင်ပွဲဆက်လက်ရရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်(၂)ရဲ့ လက်ကျန်ပွဲစဉ်ဖြစ်တဲ့ အာဆင်နယ်အသင်းက အက်စတွန်ဗီလာအသင်းနဲ့ စက်တင်ဘာလ ၁ ရက်တွင် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ (NVS 008)