“ကစ်ဘောင်ဆင်ပွဲမှာ ရုရှားနွယ်ဖွား ကမ္ဘောဒီးယားဖိုက်တာနဲ့ သရေကျခဲ့တဲ့ မြန်မာဖိုက်တာ တောက်ရှား”

31 Aug

ပြီးခဲ့တဲ့သြဂုတ် ၂၈ ရက်က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကစ်ဘောင်ဆင်ပြိုင်ပွဲမှာ မြန်မာ့ရိုးရာ လက်ဝှေ့သမား တောက်ရှား ဟာ ကစ်ဘောင်ဆင်ပွဲမှာ ရုရှားနွယ်ဖွား ကမ္ဘောဒီးယားဖိုက်တာနဲ့ ထိုးသတ်ခဲ့ရာ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ မြန်မာဖိုက်တာ တောက်ရှားဟာ ရုရှားနွယ်ဖွား ကမ္ဘောဒီးယားဖိုက်တာ ကော့စ်ရာရုဒန်ကို နဲ့ ၆၈ ကီလိုတန်းမှာ ယှဥ်ပြိုင်ထိုးသတ်ခဲ့တာဖြစ်ပါတယ်။ ၃ မိနစ်၊ ၃ ချီ ယှဥ်ပြိုင်ထိုးသတ်ခဲ့ကြပြီး အရှုံးအနိုင်မပေါ်ဘဲ လက်ရည်တူညီခဲ့တာကြောင့် သရေအဖြစ်သာ ဒိုင်များက ဆုံးဖြတ်ပေးခဲ့ကြပါတယ်။ တောက်ရှား အနေနဲ့ မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာ အကျော်အမော်တွေဖြစ်တဲ့ ယှူခလိန်းမင်း၊ အဲမွီ၊ မင်းထက်အောင်၊ ရန်နိုင်ထွန်း၊ စောထူးအောင် အစရှိသူတို့နဲ့ ထိုးသတ်ခဲ့ဖူးပြီး ယခုနောက်ပိုင်းမှာ ကမ္ဘောဒီးယားခွန်ခမာပွဲများကို သွားရောက်ထိုးသတ်နေတာ ဖြစ်ပါတယ်။ (NVS 008)

31 Aug

ADVERTISE HERE .