“မက်ဆီ ရဲ့သွင်းဂိုး ၄ ဂိုးနဲ့ သွင်းဂိုးစံချိန်တင်နိုင်ပွဲရရှိခဲ့တဲ့ အင်တာမိုင်ယာမီအသင်း”

31 Aug

အင်တာမိုင်ယာမီအသင်းဟာ မွန်ထရီရယ်လ်အသင်းနဲ့ ပွဲစဉ်မှာ ၇ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး မက်ဆီ က တစ်ဦးတည်း သွင်းဂိုး ၄ ဂိုးအထိသွင်းယူပေးခဲ့ပါတယ်။ အင်တာမိုင်ယာမီအသင်းအနေနဲ့ ကလပ်အသင်းသမိုင်းတစ်လျှောက်ပွဲစဉ်များတွင် ပထမဆုံး ၇ ဂိုးသွင်းယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီ အနေနဲ့လည်း မေဂျာလိဂ်ပြိုင်ပွဲမှာ ပထမဆုံးအဖြစ် တစ်ပွဲတည်း ၄ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကက်စမဲရိုးအနေနဲ့ မေဂျာလိဂ်ရဲ့ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့ပြီး အင်တာမိုင်ယာမီအသင်းဟာ ပြိုင်ပွဲစုံ ၅ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ (NVS 008)

31 Aug

ADVERTISE HERE .