“ဘာလိုဂန် ကို ခေါ်ယူအားဖြည့်ဖို့ စီစဉ်နေတဲ့ အဲဗာတန်အသင်း”

31 Aug

အဲဗာတန်အသင်းက ဆီနီဂေါတောင်ပံကစားသမား အန်ဒီယေး စပါးအသင်းသို့ ပြောင်းရွှေ့တော့မှာ ဖြစ်တာကြောင့် မိုနာကိုအသင်းကစားသမား ဘာလိုဂန် ကို ခေါ်ယူအားဖြည့်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ အန်ဒီယေး က အဲဗာတန်အသင်းရဲ့ သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီးနောက် စပါးအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း သိရပါတယ်။ အဲဗာတန်အသင်းကလည်း စပါးအသင်းရဲ့ ဘရာဇီးလ်တိုက်စစ်မှူး ရစ်ချာလီဆန်ကို ပြန်လည်ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပေမယ့် ဘာလိုဂန် ကိုလည်း ထပ်မံခေါ်ယူဖို့ ချိန်ရွယ်နေပါတယ်။ အဲဗာတန်အသင်းက အန်ဒီယေး ကို စပါးအသင်းသို့ ပေါင်သန်း ၆၀ နဲ့ ရောင်းချမှာဖြစ်ပြီး ရစ်ချာလီဆန် ကို ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ ခေါ်ယူမှာဖြစ်တာကြောင့် ဘာလိုဂန် အတွက် ထပ်မံသုံးစွဲဖို့စီစဉ်ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ ဘာလိုဂန်ကို အဲဗာတန်အသင်းက ပေါင် ၁၈ သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။ (NVS 008)

31 Aug

ADVERTISE HERE .