“သီပေါမြို့မှာ ယာယီပိတ်ထားတဲ့ အခြေခံပညာကျောင်း ၁၇ ကျောင်း ပြန်လည်ဖွင့်လှစ်”

31 Aug

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ယာယီပိတ်ထားခဲ့ရတဲ့ အခြေခံပညာကျောင်း ၁၇ ကျောင်းကို ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ကျောင်းသား၊ ကျောင်းသူများအတွက်လည်း ပညာရေးအထောက်အကူပြုပစ္စည်းများနှင့် ကျောင်းဝတ်စုံများ ပေးအပ်သည့် အခမ်းအနားကို ဩဂုတ်လ ၂၉ ရက်က ဆင်ကျော့နှင့် ဆောင်ကြဲ အ.ထ.က ကျောင်းများအပါအဝင် မူလွန်လခွဲနှင့် မူလတန်းကျောင်းများ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကောင်းသက်စံ၊ ပြည်နယ်ပညာရေးမှူး ဦးတင့်ဆွေ၊ သီပေါမြို့နယ်ပညာရေးမှူး ဒေါ်လွင်လွင်မာ တို့တက်ရောက်ခဲ့ကြပြီး ဒေသခံအဖွဲ့အစည်းများနှင့် တာဝန်ရှိသူများ၊ ကျောင်းကော်မတီဝင် များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါတယ်။ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးတာဝန်ရှိသူများ၊ ဒေသခံအဖွဲ့အစည်းများ၊ ကျောင်းကော်မတီများနှင့် ဒေသခံများ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ကလေးငယ်များ ပညာသင်ကြားနိုင်ရေး အတွက် လိုအပ်တဲ့ ပညာရေးအထောက်အကူပြုပစ္စည်းများနှင့် ကျောင်းဝတ်စုံများကိုလည်း ပေးအပ်ခဲ့ပါတယ်။ (NVS 008)

31 Aug

ADVERTISE HERE .