“မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဟားခါးမြို့ရှိ ဒေသခံများကို ကျန်းမာရေးစောင့်ရှောက်မှုပေး”
31 Aug
ချင်းပြည်နယ်၊ ဟားခါးမြို့မှာ မြန်မာနိုင်ငံကြက်ခြေနီအသင်းက နော်ဝေနိုင်ငံကြက်ခြေနီအသင်း၏ ပံ့ပိုးကူညီမှု နဲ့ ရွေ့လျားဆေးခန်းဖွင့်လှစ်ကာ ဒေသခံပြည်သူများကို ပဏာမကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရပါတယ်။ အဆိုပါရွေ့လျားဆေးခန်းကို ဩဂုတ်လ ၂၄ ရက်မှ ၂၈ ရက်အထိ ဟားခါးမြို့ရှိ ဗေသလဘုရားကျောင်းနှင့် ဧမာနွေလဘုရားကျောင်းတို့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။ ဆေးခန်းဖွင့်လှစ်ပေးတဲ့ ကာလအတွင်း ဒေသခံပြည်သူ ၄၇၇ ဦးကို ပဏာမကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး ဆေးရုံမှာ ဆက်လက်ကုသမှုခံယူရန် လိုအပ်တဲ့လူနာ ၇ ဦးကို သက်ဆိုင်ရာဆေးရုံများသို့ ဆက်လက်လွှဲပြောင်းပေးခဲ့ပါတယ်။ ဒါ့အပြင် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုနဲ့ ကြက်ခြေနီဝန်ထမ်းများနှင့် စေတနာ လုပ်အားရှင်များ ပူးပေါင်း၍ ဒေသခံများအတွက် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကိုပါ ဆောင်ရွက် ပေးခဲ့ကြောင်း သိရပါတယ်။ (NVS 008)