“လေးမျက်နှာမြို့နယ်၌ ရေများပြန်လည်ကျဆင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၂ ခုပိတ်သိမ်း”

31 Aug

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်မှာ ရေများပြန်လည်ကျဆင်းလာသဖြင့် သြဂုတ်လ ၃၀ ရက် နံနက်ပိုင်းက ကညင်သောင်အုပ်စု၊ နဂျီကုန်းဘုန်းတော်ကြီးကျောင်းနှင့် ကုန်းကြီးဘုန်းတော်ကြီးကျောင်းတို့မှာ ဖွင့်လှစ်ထားသော ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၂ ခုကို ပိတ်သိမ်းခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၂ ခုမှ ရေဘေးသင့်ခဲ့သူ ၁၃၄ ဦးက ကျေးရွာရှိ ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် ရေများပြန်လည်ကျဆင်းသွားတဲ့ အမှတ်(၅) ရပ်ကွက်ရှိ အ.မ.က(မြစ်ကျိုး)ကျောင်းကို ခရိုင်မီးသတ် တပ်ဖွဲ့ဝင်များက နုန်းနှင့်အမှိုက်သရိုက်များရှင်းလင်းခြင်း၊ စာသင်ဆောင်များ အတွင်း/အပြင် ရေဆေးခြင်း၊ ကျောင်းပတ်ဝန်းကျင်ရေစီးရေလာကောင်းမွန်ရေးတို့ကိုပြုလုပ်ပေးခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)

31 Aug

ADVERTISE HERE .