“၂၀၂၇ ခုနှစ် မတ်လကုန်မှာ စမုံတံတားအလုံးစုံပြီးစီးမည်”
31 Aug
မန္တလေး-နေပြည်တော် ရထားလမ်းပိုင်း၏ တံတားအမှတ် (၆၉၁) စမုံချောင်းတံတားက ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းဖြစ်ပေါ်ခဲ့တဲ့ ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံရာမှ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပါတယ်။ အဆိုပါပျက်စီးသွားသောနေရာတွင် အရှည် ၃၆၄ ဒသမ ၁၇ ပေရှိ ကြိုတင်အားဖြည့် သံကူကွန်ကရစ် တံတားအဖြစ် အသစ်ပြန်လည် တည်ဆောက်လျက်ရှိရာ လက်ရှိအချိန်၌ ၆၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကာ ၂၀၂၇ ခုနှစ် မတ်လကုန်တွင် တံတားနှင့် ချဉ်းကပ်ရထားလမ်းများအားလုံးပြီးစီးမည်ဖြစ်ပြီး အစုန်၊ အဆန် ရထားများပြေးဆွဲ နိုင်မည်ဖြစ်ပါတယ်။ တံတားသစ်တည်ဆောက်နေမှုကို ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး က သြဂုတ်လ ၃၀ ရက်မှာ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် ချဉ်းကပ်ရထားလမ်းများကို တံတားနှင့်တစ်ပြိုင်တည်းပြီးစီးရေးဆောင်ရွက်ရန်၊ ချောင်းကမ်းပါးနံရံများ ပြိုကျပိတ်ဆို့မှုမရှိစေရေး မြေထိန်းနံရံများ ဆက်လက်ဆောင်ရွက်ရန်၊ ရေလမ်းကြောင်းကောင်းမွန်စေရေး စနစ်တကျ ဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။ (NVS 008)