“လက်ဘနွန်နိုင်ငံတောင်ပိုင်း၌ အစ္စရေးက တိုက်ခိုက်မှုများဆောင်ရွက်နေခြင်းကို လက်မခံဟု အီရန် ပြော ကြား”

31 Aug

လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် အစ္စရေးက တိုက်ခိုက်မှုများဆောင်ရွက်နေခြင်းကို လက်မခံကြောင်းနှင့် အထက်ပါအရေးနှင့်ပတ်သက်၍ လက်ဘနွန်နိုင်ငံနှင့် တစ်သားတည်းရပ်တည်ဆောင်ရွက်မည်ဟု အီရန်က ပြောကြားခဲ့သည်။ နဗာတက်ပြည်နယ်တွင် အစ္စရေးတပ်ဖွဲ့က နေ့ပိုင်းအချိန်၌ တိုက်ခိုက်မှုများဆောင်ရွက်ခဲ့ရာ အီတက်အယ်လ်ဂျဗာကျေးရွာ အနီးတွင် ပေါက်ကွဲမှုများဖြစ်ခဲ့ပြီး နဗာတက်အယ်လ်ဖော်ကွာဒေသတွင်လည်း တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယခုတိုက်ခိုက်မှုများ မဖြစ်မီကလည်း အာရပ်ဆလင်ဒေသတွင် အစ္စရေးတပ်ဖွဲ့က တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့သဖြင့် လက်ထပ်ပြီးစ သတို့သမီးတစ်ဦးသေဆုံးခဲ့ကြောင်း သိရ သည်။ ယခုကဲ့သို့ တိုက်ခိုက်မှုများဆောင်ရွက်ခြင်းသည် ဟဇ်ဘိုလာအဖွဲ့က အစ္စရေးတပ်ဖွဲ့အား ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကို တုံ့ပြန်ခြင်းဖြစ်သည်ဟု အစ္စရေးက ပြောကြားသည်။ မကြာသေးမီအချိန်က အီရန် နိုင်ငံခြားရေးဝန်ကြီး ဆာယက် အာဘတ်စ် အာရာချိနှင့် လက်ဘနွန်ရှီးယိုက် အစ္စလာမ္မစ်ကောင်စီတာဝန်ရှိသူ ရှိတ်အလီ အယ်တတ် တို့ တွေ့ဆုံဆွေးနွေးရာတွင် လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် အစ္စရေး၏ တိုက်ခိုက်မှု များကြောင့် ဒေသခံများနေရပ်စွန့်ခွာမှုများရှိသဖြင့် ကူညီဆောင်ရွက်ပေးရန် အီရန်နိုင်ငံခြားရေးဝန်ကြီးအား ၎င်းက ပန်ကြားခဲ့သည်။ အီရန်အနေဖြင့် အီရန်-အမေရိကန် နားလည်မှုစာချွန်လွှာ ပထမအဆင့်ကို အကောင်အထည်ဖော် ရေး ဆောင်ရွက်နေပြီး အဆိုပါစာချွန်လွှာ ပထမအဆင့်အရ အစ္စရေးတပ်ဖွဲ့၏ လက်ဘနွန်အားတိုက်ခိုက်မှုများကို ရပ်တန့်ရန် တောင်းဆိုထားကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်ဟု RT သတင်းဌာနဖော်ပြချက် အရသိရသည်။

31 Aug

ADVERTISE HERE .