သတင်းလွှာ Daily News Bulletin ဩဂုတ် ၃၁ ရက်၊ တနင်္လာနေ့မနက်
31 Aug
သတင်းလွှာ Daily News Bulletin ဩဂုတ် ၃၁ ရက်၊ တနင်္လာနေ့မနက် နိုင်ငံတကာထူးခြားသတင်း ယူကရိန်း တိုက်ခိုက်ခံရမှုနှင့် ဒရုန်းပစ်ခတ်မိန့်: ယူကရိန်း ကူခြာခရိုင်ရှိ လက်နက်သိုလှောင်ရုံ ရုရှား၏ ဂျက်အင်ဂျင် တပ်ဒရုန်း ထိမှန်ပေါက်ကွဲ၍ ၃၇ ယောက်သေပြီး ၄၀ ကျော် ဒဏ်ရာရခဲ့သဖြင့် ရုရှားသို့ ၁ ရက်လျှင် ဒရုန်း ၁ဝဝဝ ပစ်ခတ်ရန် ဇလန်းစကီး အမိန့်ပေးခဲ့သည်။ နိုင်ဂျာနိုင်ငံ စစ်တပ်အတွင်း ပုန်ကန်မှု: ဗိုလ်ချုပ် အဗ္ဗဒူလာဟာမာနီ ၂၀၂၃ ခုနှစ်က အာဏာသိမ်း၍ အုပ်ချုပ်နေသော နိုင်ဂျာနိုင်ငံတွင် စစ်သားတစ်စုက ပုန်ကန်မှုပြုလုပ်ခဲ့ပြီး လေဆိပ်နှင့် သမ္မတနန်းတော်ကို တိုက်ခိုက်ခဲ့သော်လည်း အစိုးရတပ်များက ပုန်ကန်သူတို့ကို ချေမှုန်းနိုင်ခဲ့သည်။ လန်ဒန် မီးလောင်မှုနှင့် အရေးပေါ်ရွှေ့ပြောင်းမှု: လန်ဒန် ဝင်ဘလေဘောလုံးကွင်းအနီး နစ္စတန်ကုမ္ပဏီပိုင် စွန့်ပစ်ပစ္စည်းစက်ရုံ မီးလောင်၍ အနီးရှိအမေဇုံကုန်တိုက်နှင့် ဘောလုံးကွင်းဝန်ထမ်းများ အရေးပေါ်ရွှေ့ပြောင်း ပေးခဲ့ရသည်။ ဂျပန်တွင် မြန်မာကျောင်းသူ ဖမ်းဆီးခံရမှု: ဂျပန်နိုင်ငံ ဆိုင်တာမာခရိုင် ဟီတာရှီမက်ဆူရာမမြို့တွင် အသက် ၂၁ နှစ်အရွယ် မြန်မာကျောင်းသူ မွေးကင်းစကလေးအသေအား အခန်းတွင်းစွန့်ပစ်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ကမ္ဘာ့ပါလီမန်ဥက္ကဋ္ဌများ အစည်းအဝေးသတင်း: ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပသော ကမ္ဘာ့ပါလီမန် ဥက္ကဋ္ဌများ အစည်းအဝေးသို့ နိုင်ငံ ၃ဝ မှ လွှတ်တော်ဥက္ကဋ္ဌများနှင့်အတူ မြန်မာအမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးဂျန်ဖန်းနော်တောင် တက်ရောက်ခြင်းအတွက် CRPH အောင်ကြည်ညွှန့်က မကျေနပ်ကြောင်း ပြောကြားခဲ့သည်။ ပြည်တွင်းထူးခြားသတင်း ရေယာဉ်အုပ်စု ခရီးစဉ်: ရွှေကူမှ ဆက်လက်ဆန်တက်နေသော ရေယာဉ်အုပ်စု ဆင်းခမ်းတံတားအနီးသို့ ရောက်ရှိခဲ့သည်။ ဟင်္သာတ လူသတ်လုယက်မှု ဖမ်းဆီးရမီ: ဟင်္သာတမြို့ နှဲမနိပ်ရွာ ဥပုသ်စောင့်ပြန်လာသော အငြိမ်းစားဆရာမကြီး ဒေါ်လှလှဝင်း (၇၁ နှစ်)အားသတ်ဖြတ်၍ ရွှေငွေပစ္စည်းယူဆောင်သွားသူ သီဟကျော် နှင့် တင်မျိုးအောင် တို့အား ဖမ်းဆီးရမိခဲ့သည်။ ၁ဝ၅ မိုင် ဂိတ်တွင် ပစ်ခတ်ခံရမှု: ၁၀၅ မိုင်တွင် AA နှင့် MNDAA ဂိတ်များရှိသည့်အနက် AA ဂိတ်ကို မတော်တဆ ကားနှင့်တိုက်မိသူ အမျိုးသမီး ပစ်သတ်ခံခဲ့ရသည်။ စစ်ဆေးရေးဂိတ်နှင့် ရထားပေါ် ဖမ်းဆီးရမိမှုများ: ဒုံသမိတံတား စစ်ဆေးရေးဂိတ်တွင် KNU/PDF ၁၃ ဦးနှင့် မန်း-ရန် အမှတ် ၈ DEMU ရထားကို တက်စီးလာသော မကွေး PDF ကျား ၂ ဦး၊ မ ၃ ဦးတို့အား တောင်ငူဘူတာတွင် ဖမ်းဆီးရမိ ခဲ့သည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော် နေပြည်တော် အခြေအနေ: နေပြည်တော်တွင် ယနေ့မနက် ထူးခြားဖြစ်စဉ်မရှိပါ။ သတင်းရင်းမြစ် - USDP ပြည်ထောင်စုနယ်မြေ Bulletin