ဩဂုတ် ၃၀ ရက်၊ တနင်္ဂနွေနေ့ မနက် နိုင်ငံတကာထူးခြားသတင်း

30 Aug

သတင်းလွှာ Daily News Bulletin ဩဂုတ် ၃၀ ရက်၊ တနင်္ဂနွေနေ့ မနက် နိုင်ငံတကာထူးခြားသတင်း ရုရှား အနုမြူထိပ်ဖူးတပ် ဒုံးစနစ် စမ်းသပ်မှု: ကီလိုမီတာ ၅၇၀၀ အထိ ပစ်ခတ်နိုင်သော အနုမြူထိပ်ဖူးတပ်နိုင်သည့် ဒုံးစနစ် စမ်းသပ်ပစ်လွှတ်မှု အောင်မြင်ကြောင်း ရုရှားမှထုတ်ပြန်ခဲ့သည်။ ရွှေ့လျားပစ်စဉ်ကို အသုံးပြု၍ နိုင်ငံမြောက်ပိုင်း ပလဲဆက်စကီးအရပ်မှ အရှေ့ဘက်ကူရာရှိ ပစ်မှတ်ကို ထိမှန်ခဲ့သည်။ ဘန်ကောက် စင်တာ မီးလောင်မှု: ဘန်ကောက်မြို့ရှိ ကားပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများနှင့် ဆိုလာများ ရောင်းချသော ခလောင်တွမ်စင်တာ မီးလောင်မှုဖြစ်ပွားရာ လူ ၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ဘတ်ငွေသန်းချီ ဆုံးရှုံးခဲ့သည်။ နီပေါ ရေဘေး အခြေအနေ: နီပေါရေဘေးတွင် အလောင်းရရှိသူ ၅၀၀ ကျော်လွန်သွားပြီဖြစ်ပြီး ပျောက်ဆုံးနေသူ ထောင်ပေါင်းများစွာမှာလည်း အသက်မရှင်နိုင်တော့ဟု ယူဆလိုက်ကြောင်း သိရသည်။ သေဆုံးနေသော အမျိုးသမီးတစ်ဦး၏ အလောင်းမှ နားကပ်ဖြုတ်ယူသူ အမျိုးသား ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ မြန်မာ PV ပတ်စပို့ သက်တမ်းတိုးပိတ်သိမ်းမှု: စင်ကာပူ၊ ဩစတြေးလျ၊ နယူးဇီလန်နှင့် ပါပူဝါနယူးဂီနီ သို့ ရောက်ရှိနေသော မြန်မာ PV ပတ်စပို့ ကိုင်ဆောင်သူများအား သက်တမ်းတိုးခွင့် ပိတ်လိုက်သည်။ ပြည်တွင်းထူးခြားသတင်း PDF အဖွဲ့ဝင်များ အလင်းဝင်ရောက်မှု: နမခ(မုံရွာ)သို့ PDF ၁၄၀ ဦး၊ ဒကစ(ကလေး)သို့ PDF ကျား ၄၂ ဦး၊ မ ၃ ဦးတို့ လက်နက်ငယ်များနှင့်အတူ အလင်းဝင်ရောက်ခဲ့သည်။ စစ်သင်္ဘောတန်း တိုက်ခိုက်ခံရမှု: ရွှေကူမှ ဗန်းမော်သို့ထွက်ခွာသော စစ်သင်္ဘောတန်းမှ ပွိုင့်သင်္ဘောကို KIA မှ တိုက်ခိုက်ခဲ့သည်။ မင်းကင်းမြို့နယ် ဖြစ်စဉ်: မင်းကင်းတွင် PDF တို့ ဖမ်းဆီးထားသော ကျောင်းသားတပ်တော် SRF အဖွဲ့ခေါင်းဆောင် စံတင်ထွန်း အချုပ်ခန်းမှ ထွက်ပြေးလွတ်မြောက်စေရန် ကူညီသည်ဟုဆိုကာ G-12 ကျောင်းသူ မဇွန်ပွင့်ဖြူ အား ထိတ်တုံးခတ် နှိပ်စက်လျက်ရှိသည်။ KTLA တပ်ဖွဲ့ ထုတ်ပယ်ခံရမှု: တနင်္သာရီတိုင်းအတွင်း လှုပ်ရှားနေသော KTLA စောဆာကပေါ ၏ တပ်ဖွဲ့အား ထုတ်ပယ်လိုက်သည်ဟု နာဒါးမြက ကြေညာခဲ့သည်။ အုပ်ဖိုမြို့နယ် ဖြစ်စဉ်: အုပ်ဖိုမြို့နယ် မင်းလှကြီးရွာမှ ကိုဖိုးဖြူ ဆိုသူအား PDF ၂ဝ ခန့်က လာရောက်ဖမ်းဆီးရာ သတင်းကြိုတင်ရရှိသဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ကလေးမြို့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု: ကလေးမြို့၊ စန်းမြို့ရပ်ကွက်တွင် ငွေကျပ် ၁၅.၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၆ သန်းကျော်နှင့်အတူ လူ ၂ ဦး ဖမ်းဆီးရမိခဲ့သည်။ ပွင့်ဖြူမြို့နယ် ၃ ဘီးယာဉ် ပစ်ခတ်ခံရမှု: ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးရွာသို့ ဈေးဝယ်လာသော ရေပုတ်ကြီးရွာမှ ၃ ဘီးယာဉ်အား PDF မှ ပစ်ခတ်သဖြင့် ဒေါ်သိန်းတင်(၆၈ နှစ်)နှင့် ဒေါ်ကြင်ရွှေ(၅၇ နှစ်)တို့ သေဆုံးခဲ့ပြီး ယာဉ်မောင်း မြိုင်ကြီး ဒဏ်ရာရရှိခဲ့သည်။ ရေပုတ်ကြီးရွာတွင် ပြည်သူ့စစ် ၅၀ သင်တန်းဆင်းထားသော်လည်း လက်နက် ထုတ်မပေးသေးသဖြင့် ဒုက္ခရောက်နေကြောင်း သတင်းပို့ထားသည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော် နေပြည်တော် အခြေအနေ: ယနေ့မနက် နေပြည်တော်တွင် ထူးခြားဖြစ်စဉ်မရှိပါ။ သတင်းရင်းမြစ် - USDP ပြည်ထောင်စုနယ်မြေ Bulletin

30 Aug

ADVERTISE HERE .