“တိုက်စစ်မှူး ဝက်ကင်စ် ပြန်တောင်းပန်ခဲ့ဟု နည်းပြ အမ်မရီ ပြော”
30 Aug
ပြီးခဲ့တဲ့တစ်ပတ်က ကစားခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ ရာသီအဖွင့်ပွဲမှာ အသင်းအတွက် ပါဝင်ကစားပေးဖို့ ငြင်းဆန်ခဲ့မှုအတွက် အသင်းနဲ့အသင်းဖော်တွေကို တိုက်စစ်မှူး ဝက်ကင်စ်က ပြန်လည်တောင်းပန်ခဲ့တယ်လို့ ဗီလာနည်းပြ အူနိုင်း အမ်မရီ က ပြောခဲ့ပါတယ်။ အသက် ၃၀ အရွယ် ဝက်ကင်စ် ဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်ဟီလယ်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင် ၅၁ သန်းနဲ့ပြောင်းရွှေ့ဖို့ နီးစပ်နေချိန်မှာ အသင်းအတွက် ပါဝင်ကစားဖို့ကို ငြင်းဆန်ခဲ့ခြင်းဖြစ်ပါတယ်။ ဘရိုက်တန် အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ဝက်ကင်စ်က ဗီလာအသင်းနဲ့ အသင်းဖော်တွေကို ပြန်လည်တောင်းပန်ခဲ့ပြီး သူ့ရဲ့ တောင်းပန်မှုကို အားလုံးက လက်ခံခဲ့ကြောင်း နည်းပြ အမ်မရီ က ပြောခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ဘရန့်ဖို့ဒ်အသင်းကနေ ရောက်လာခဲ့တဲ့ ဝက်ကင်စ် ဟာ ဗီလာအသင်းအတွက် ပရီးမီးယား လိဂ်သွင်းဂိုး ၉၁ ဂိုး သွင်းယူပေးထားပြီး အသင်းရဲ့ ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံးကစားသမားလည်း ဖြစ်ပါတယ်။(NVS 008)