“၃ ပတ်ခန့်အထိ အနားယူရမည့် ဘာလီဘာ”
30 Aug
မန်ယူအသင်းရဲ့ ပေါင်သန်း ၆၀ တန် ကွင်းလယ်လူသစ် ဘာလီဘာ ဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ၃ ပတ် လောက်အထိ အနားယူရမှာဖြစ်ကြောင်း မန်ယူအသင်းနည်းပြ ကာရစ် က အတည်ပြုပြောကြားခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ကင်မရွန်းလက်ရွေးစင် ဘာလီဘာ ဟာ ပြီးခဲ့တဲ့တစ်ပတ်က ဘရိုက်တန်အသင်းမှ မန်ယူအသင်းထံကို ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ဘရိုက်တန်အသင်းရဲ့ ရာသီကြိုပြင်ဆင်မှုတွေမှာရခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာကို ကုသမှုခံယူနေခဲ့ရတာ ဖြစ်ပါတယ်။ ဘာလီဘာ အနေနဲ့ ၎င်းဒဏ်ရာကနေ ပြန်လည်သက်သာလာအောင် ကြိုးစားနေရဆဲဖြစ်ပြီး ၃ ပတ်ခန့် အနားယူလိုက်ရင် ပြန်ကောင်းလာနိုင်ကြောင်း အစ်ဆွစ်ချ်အသင်းနဲ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ နည်းပြ ကာရစ် က ပြောခဲ့ခြင်းဖြစ်ပါတယ်။ ဘာလီဘာ ရဲ့ ဒဏ်ရာအခြေအနေကို အရင်ကတည်းက သိရှိထားပြီး ကြီးမားတဲ့ပြဿနာမဟုတ်ဘဲ ပြန်ကစားနိုင်တဲ့အချိန်မှာ အသင်းနဲ့အတူ အကောင်းဆုံးကစားနိုင်ဖို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)