“ဒဏ်ရာကြောင့် ၃ လခန့် အနားယူရမည့် ဂျူဗင်တပ်တိုက်စစ်မှူး ယီဒစ်ဇ်”

30 Aug

ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး ယီဒစ်ဇ် ဟာ ဘယ်ဘက်ခြေဖဝါးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူရမှာဖြစ်ပြီး ၃ လခန့် အနားယူရမှာဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် ယီဒစ်ဇ် ဟာ ပြီးခဲ့တဲ့တစ်ပတ်က စီးရီးအေရာသီအဖွင့်ပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး ပွဲချိန် ၆၉ မိနစ်မှာပဲ အသင်းဖော် ဘိုဂါ နဲ့ လူစားလဲခဲ့ရပါတယ်။ ယီဒစ်ဇ် ရဲ့ဒဏ်ရာကို အသေးစိတ်စစ်ဆေးမှုတွေ ပြုလုပ် ခဲ့ပြီးနောက် လာမယ့်တစ်ပတ်အတွင်းမှာ ခွဲစိတ်မှုကိုပြုလုပ်မှာဖြစ်ပါတယ်။ ဒဏ်ရာကို ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ပါက ယီဒစ်ဇ် အနေနဲ့ ၂ လခွဲကနေ ၃ လလောက်အထိ အနားယူရမှာ ဖြစ်ပြီး နိုဝင်ဘာလအတွင်းကစားမယ့် နိုင်ငံတကာပွဲစဉ်တွေပြီးမှသာ ပြန်ကစားနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။ (NVS 008)

30 Aug

ADVERTISE HERE .