“သွင်းဂိုး ၁၀ဝ၀ ပြည့်ရန် ပိုမိုနီးစပ်လာတဲ့ စီရော်နယ်ဒို”

30 Aug

အယ်လ်နာဆာအသင်း တိုက်စစ်မှူး စီရော်နယ်ဒို က ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂)အဖြစ် အယ်လ်နာဆာ အသင်းနှင့် အယ်လ်တာဝမ်အသင်းတို့ ပွဲစဉ်တွင် သွင်းဂိုးတစ်ဂိုး သွင်းယူခဲ့ပြီးနောက် ဆော်ဒီလိဂ်သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်ခဲ့ပြီး သွင်းဂိုး ၁,၀၀၀ ပြည့်မြောက်ရန်အတွက်လည်း ပိုမိုနီးစပ်လာခဲ့ကြောင်း B/RFootball သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အယ်လ်နာဆာအသင်းက အယ်လ်တာဝမ်အသင်းကို အိမ်ကွင်း၌ နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်၌ ပွဲချိန်မိနစ် ၅၀ တွင် အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့ကာ အယ်လ်နာဆာအသင်းနှင့်အတူ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲတွင် လိဂ်သွင်းဂိုး ၁၀၄ ဂိုးရှိလာခဲ့ပြီးနောက် အသင်းကစားသမားဟောင်း အယ်ဆာလာဝီ ရဲ့ လိဂ်သွင်းဂိုး ၁၀၃ ဂိုးကို တစ်ဂိုးအသာဖြင့်ကျော်ဖြတ်ခဲ့ပြီး အယ်လ်နာဆာအသင်းအတွက် လိဂ်သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်ခဲ့ခြင်းဖြစ်ပါတယ်။ အလားတူ စီရော်နယ်ဒို အနေနဲ့ အယ်လ်တာဝမ်အသင်းနှင့် ပွဲစဉ်တွင် သွင်းဂိုးတစ်ဂိုးသွင်းယူခဲ့ပြီးနောက် ပရော်ဖက်ရှင်နယ်သွင်းဂိုး ၉၇၈ ဂိုး ထိရှိလာခဲ့ကာ သွင်းဂိုး ၁,၀၀၀ ပြည့်မြောက်ရန် ၂၂ ဂိုး သာလိုအပ်နေပြီး ပရော်ဖက် ရှင်နယ်ကစားသမားဘဝမှ အနားမယူမီ သွင်းဂိုး ၁,၀၀၀ ပြည့်မြောက်သည့် ပထမဆုံးကစားသမားဖြစ်လာရန် နီးစပ်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။(NVS 008)

30 Aug

ADVERTISE HERE .