“နော်တင်ဟမ်အသင်းနှင့် နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ပြီးနောက် လီဗာပူးအသင်း ပရီးမီးယားလိဂ်နှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံး”

30 Aug

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂)အဖြစ် ကစားခဲ့တဲ့ လီဗာပူးနှင့် နော်တင်ဟမ်အသင်းတို့ပွဲစဉ်မှာ နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် လီဗာပူးအသင်းအတွက် နှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ကြောင်း Opta.com သတင်းဝက်ဘ်ဆိုက် ကဖော်ပြခဲ့ပါတယ်။ အဆိုပါပွဲစဉ်တွင် လီဗာပူးအသင်းက အိမ်ကွင်းတွင် လက်ခံကစားခဲ့ရသော်လည်း နော်တင်ဟမ်အသင်းရဲ့ အကောင်းဆုံးပြင်ဆင်လာမှုများကြောင့် အခက်တွေ့ခဲ့ကာ ပွဲချိန်မိနစ် ၂၀ တွင် အန်ဒိုယီ က နော်တင်ဟမ်အသင်း အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ပထမပိုင်းတွင် နော်တင်ဟမ်အသင်းက တစ်ဂိုး၊ ဂိုးမရှိဖြင့် ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန် မိနစ် ၆၀ တွင် အီဆက် က လီဗာပူးအသင်းအတွက် ချေပဂိုးပြန်လည်သွင်းယူခဲ့ပြီး ပွဲချိန် မိနစ် ၇၀ တွင် ပင်နယ်တီမှတစ်ဆင့် ဂစ်ဝှိုက် က နော်တင်ဟမ်အသင်းအတွက် ဦးဆောင်ဂိုးပြန်လည်သွင်းယူခဲ့သော်လည်း ပွဲပြီးဆုံးခါနီး ပွဲချိန် ၈၉ မိနစ် တွင် မူနော့ က လီဗာပူးအသင်းအတွက် ချေပဂိုးပြန်လည်သွင်းယူခဲ့တဲ့အတွက် ပွဲပြီးဆုံးချိန်တွင် နှစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ပြီး လီဗာပူးအသင်းအတွက် နှစ်ပွဲဆက်သရေရလဒ် ထွက်ပေါ်ခဲ့ကာ နိုင်ပွဲဆက် လက်ပျောက်ဆုံးခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)

30 Aug

ADVERTISE HERE .